မနက်တိုင်း Reply ပြန်တက်လာမှာ မဟုတ်တာ သိပေမယ့် ဖွင့်ဖြစ်နေတဲ့ မောင့်အကောက်ရယ် Facebookက နှစ်ယောက်သား ဓါတ်ပုံတွေကို ကြည့်ပြီး အလွမ်းတွေ ပိုတိုးလာလို့ မောင့်ကို ပိုလွမ်းမိတယ်၊ လက်ချိုးရေနေရတဲ့ ရက်တွေကလည်း စိတ်ပျက်စရာကောင်းလောက်အောင် ဘာကြောင့် နှေးကွေးနေရတာလည်းနော်………………..၊ မောင့်ကိုလွမ်းရဲ့လားလို့ မေးတိုင်း ငြိမ်သက်နေတဲ့ ကောင်မလေးတယောက်က မောင်နဲ့ ထပ်တူထပ်မျှ လွမ်းနေတယ်ဆိုတာ တချိန်မှာ မောင်သိယင် ကျမလွမ်းရကျိုး နပ်ပါပီကွယ်
ခဏတာ ခွဲနေရတာ ရေရှည်နီးစပ်ဖို့ပါလို့ ဖုန်းထဲကနေ အားပေးနေတဲ့ မောင့်ကို သနားစိတ်ပို စိတ်အားတင်းရင်း (၁၄)ရက်နေ့မှာ ကျရောက်တဲ့ ကျမတို့၂ယောက်ရဲ့ နေ့ထူးနေ့မြတ်လေးအတွက် မရိုးနိုင်တဲ့စကားလေးတစ်ခွန်းထပ်ပြောမယ်
မောင့်ချစ်ဇနီးက မောင့်ကို တစ်သက်လုံး ရိုးမြေကျ ချစ်သွားမယ်!!!!!!!
No comments:
Post a Comment