ဟိုတနေ့က ရန်ဖြစ်ကြမိတယ်၊ ကတောက်ကဆဆိုတာ ငါတို့၂ဦးကြားမှာ ဘာအဖုအထစ်မှ မဟုတ်တော့ဘူးနော်၊ ဘယ်လောက်ရန်ဖြစ်ဖြစ် အခက်အခဲတစ်ခုကြုံလာတိုင်း ကျမရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတဲ့ လူတစ်ယောက်က ကျမသိပ်ချစ်ရတဲ့ ရည်ရွယ်ထားသူဆိုတာ ခံစားမိလေလေ ပျော်မိတဲ့အပျော်တွေက မယုံယင်ကြည့် အားကိုးတဲ့အကြည့်နဲ့ ကျမကြည့်နေတာ မောင်သိပ်တန်ဖိုးထားပါတယ်ဆိုတဲ့ ဟောဒီကောင်မလေးပေါ့နော်
လက်ရှိမောင် ပိုင်ဆိုင်ထားတဲ့ ဘ၀မျိုးဖြစ်စေ သာမာန်လူတစ်ယောက်ဘ၀မျိုးကို ရရှိသည်ဖြစ်စေ ဘယ်အချိန်ဖြစ်ဖြစ် ချစ်နေရမယ်လို့ ဂတိတောင်းတာ အလွယ်တစ်ကူ ကျမဖက်က ခေါင်းငြိမ့်မိတာ ရင်ထဲကလာတဲ့ ဆန္ဒတခုဆိုတာ ယုံကြည်တယ်မှတ်လား
(၃)နှစ်တိတိ ၂ဦးလုံး မျှော်လင့်ထားတဲ့ ဘ၀တစ်ခုက ဘယ်လောက်ခက်ခဲခဲ့လည်းဆိုတာ ကျမတို့၂ယောက် မျက်ရည်၊ အလွမ်းတွေ၊ နာကျည်းချက်တွေကသက်သေတွေဘဲလေ၊နာကျည်းချင်ယောင်ဆောင်ပိးတစ်ယောက်အနားကနေတစ်ယောက် ဝေးကွာချင်ယောင်ဆောင်ခဲ့တဲ့ ကာလတစ်ခုရှိသလို မသိသလို ရှက်ပြုံးလေးနဲ့ ကျောချင်းပြန် ကပ်ခဲ့ တဲ့နေ့ရက်တွေ ကလည်း ပျော်စရာကြီးနော်
ရည်ရွယ်သူပြောနေကျစကားလေးတစ်ခွန်းက နင့်အတွက်ငါဖြစ်သလို ငါ့အတွက်လည်း နင်ဖြစ်ပေးပါတဲ့ ကျမပြောနေကျ စကားတစ်ခွန်းက မနေ့ကထက် ဒီနေ့ကို နည်းနည်းလေးပိုချစ်ပေးပါနော်
အရွယ်ရောက်ချိန် ဟိုးအတိတ်က စွဲလန်းရမယ့် အချစ်ဆိုတာ ငါ့ဘ၀မှာ မရှိနိုင်ဘူးလို့ တွေးမိခဲ့ပီး မာနလေး မတောက်တခေါက် ထားမိလိုက်သေး အခုတော့လည်း ပြောင်းပြန်ရိုက်သွင်းချက်က ...............................
မေ့ထားခဲ့ဖူးကြတယ် ငါတို့ ၂ဦးလုံး တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုတွေနဲ့ တိတ်တဆိတ် ကျောခိုင်းဖူုးခဲ့ပေမယ့်လည်း တစ်ယောက် အရိပ်အောက်က တစ်ယောက် ရုန်းမထွက်ဖြစ်ကြဘူး ပြန်ဆုံတော့လည်း မပြောင်းလဲနိုင်တဲ့ သံယောဇဉ်တွေက ဆထက်ပိုးတိုးလာပြန်တယ်၊ အချစ်ထက် သံယောဇဉ်က ပိုပီး ခိုင်မြဲလာတဲ့ ဘ၀တစ်ခုကို လက်ရှိပိုင်ဆိုင်ထားကြတာ ငါတို့၂ဦးသား အဆက်အသွယ်တွေ ဖြတ်တောက်ထားခဲ့တာလည်း ငါတို့တွေဘဲ ခက်တာက မနက်မိုးလင်းတာနဲ့ အနားမှာရှိနေသလိုပါဘဲဆိုပီး ညအိပ်ယာဝင်ချိန်ထိ အတွေးထဲ ခဏခဏဖြတ်လျှောက်ပြန်ရော အဲ့လိုနဲ့ရက်ပေါင်းများစွာကိုအလွမ်းတွေ နာကျည်းမှု တွေနဲ့ ဖြတ်သန်းခဲ့ရတယ်
ပြန်ဆုံတဲ့နေ့ကျယင် ကျမတို့၂ဦး အမှတ်အသားလေးကို ဘယ်သူက ဘယ်သူထက် ပိုပီးပီပြင်နိုင် မလဲ ဆိုတာ တွေးမိတိုင်းအဲ့ဒိရက်တွေကို ပိုပီး မျှော်လင့်လာတတ်ပီ ..............
အခုတော့ ကျမတို့၂ယောက် မျှော်လင့်ခဲ့တဲ့ရက်တွေက (14-7-2011)ရက်နေ့မှာ အလွမ်းတွေ အဆုံးသတ်ခဲ့ရတဲ့ အတွက် ဒီထက်ပိုပြီး မလွမ်းနိုင်တော့တဲ့ ကျမတို့ဘ၀တွေအတွက် မောင်ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို မောင်မသိအောင် တိတ်တိတ်လေး ကျေးဇူးတင်နေရတယ်၊ မောင့်ဘေးမှာ တသက်လုံးနေခွင့်ရတဲ့ ဆုက ကျမ အမျှော်လင့်ဆုံးဆု ဆိုတာကို မောင်တချိန်မှာ သိယင် .............
No comments:
Post a Comment