Friday, September 16, 2011

အခြားတဖက်မှာ...........

အပိုင်း(၁)

 
ပျော်စရာကောင်းတဲ့ ကံကြမ္မာဆိုတာ ခဏတာလေးပါဘဲလား မထင်ရတဲ့ ရက်တစ်ရက်မှာ ပျော်ရွှင်မှုတွေကို ဂြိုလ်ဆိုးတစ်ကောင်က ရက်စက်မှု အပြည့်တွေနဲ့ သယ်ဆောင်သွားတတ်သတဲ့လား!
ပျော်စရာကောင်းတဲ့ ကျမတို့၂ယောက် ဘ၀လေးက တကယ်ကို ပျော်စရာလေးပါ မျှော်လင့်တဲ့ နှစ်ဦးဘ၀ကိုတည်ထောင်မယ်လို့   ကို့ ကိုယ်တိုင်ပြောလာတော့လည်း  ခေါင်းက အလိုလိုငြိမ့်ပြီး ကို့ရင်ခွင်မှာ ရှက်ပြုံးလေးနဲ့ မှီတွယ်ခဲ့ဖူးတာတွေက အလွမ်းပေးမယ့် ပုံပြင်တစ်ပုဒ်လား ကိုရယ်......................
စိုင်းစိုင်းသီချင်းထဲကလို အဲ့ဒီနေ့က မိုးတွေမ ရွာပါဘူး မေ ရှပ်ပြာရှပ်ပျာနိုင်လှတဲ့ မေ့ပုံစံလေးကို အရာရာကို တိကျနိုင်လှတဲ့ကိုယ့်ဦးနှောက်ထဲမှာ အမှတ်ရစွဲနေခဲ့တာ ပါးကွက်ကြားလေး၊ ရောင်စုံကာလာတွေကြားမှာ လွန့်လှူးနေတဲ့ ကောင်မလေးတွေကို နှုတ်ခမ်းဖျားက စွဲလန်းဖူးပေမယ့် မေ့ကို ကျနော့် ဘ၀ထဲထိ ဆွဲခေါ်ချင်လှအောင် တပ်မက်ခဲ့ရပါတယ်၊ ခေတ်မီပစ္စည်းကိုမှ ပထမဆုံးသုံးချင်မိတဲ့ ကျနော့်အတ္တတွေက မေ့ရဲ့ မြန်မာဆန်လှတဲ့ ရိုးရိုးလေးကို မျက်စိပဒသာ ဖြစ်ခဲ့ရသလို ရင်ကို အေးစေခဲ့တယ်မေ.....................
ကို့ ကိုမေပြောတယ်နော် အဲ့ဒီ အနက်ရောင်ဆို ကျမမကြိုက်တာကို ကိုမသိတာလည်းမ ဟုတ်ဘူးကွယ်
မေကလည်း အယူသည်းနေပြန်ပြီ အနက်ရောင်တိုင်းသာ အမင်္ဂလာဖြစ်ရတဲ့အရောင်ဆိုယင် ရောင်းမယ့်သူ ရှိပါ့တော့မလားအခုဟာက ကိုနဲ့ မေ ဆင်တူဝတ်ချင်လို့ပါ
မသိဘူး ကို ကျမအတွက်တော့ ကို့က တန်ဖိုးထားရမယ့် လူတစ်ယောက်ပါ ကျမ အယူသည်းတာမဟုတ်ဘူး ကျမအတွက် အနက်ရောင် ၀တ်တဲ့နေ့ဆိုယင် အမြဲတမ်း ကံမကောင်းခြင်းတွေ သယ်ဆောင်လာသလို ခံစားရတယ် ခံစားရတာ မဟုတ်ဘူးနော် တကယ် ကို ဖြစ်တာပါ

ကျမ ပြောနေကျစကားတွေကို ကို နားမထောင်သလို နားလည်း မ၀င်ခဲ့ပါဘူး ဒါပေမယ့် ကျမသူ့ကို ပိုချစ်လာတယ် ကိုက ကျမကို တန်ဖိုးထားတယ်ဆိုတာ ကျမရင်မှာ ခံစားမိတယ် မဝေးချင်ဘူးကိုရယ်
မေကလည်းကွာ အယူမသည်းနဲ့ ဟုတ်ပြီလား မေ့အယူသည်းမှုကို ကို ကိုယ်တိုင် ဖျောက်ပေးမယ် ဒီည ကိုယ့်သူငယ်ချင်း Dinner wedding ဆိုတော့လည်းကွာ အားလုံးက အနက်ရောင်တွေ ၀တ်ကြမှာလေ ဒီတော့ မေလည်း ဒီဂါဝန်လေး ၀တ်လာနော် လိမ်မာတယ်နော် ညနေ အိမ်ဝင်ခေါ်မယ်နော် မေ မေ့ကို ကို အရမ်းချစ်တယ်
မေက လှလိုက်တာကွာ တွေ့လား ကို ပြောပါတယ် အနက်ရောင် မ၀တ်လို့ပါ အခုလိုကျတော့လည်း သတို့သမီးလေး ကျနေတာဘဲ ဒါဘဲနော် မင်းမှာ ကိုတစ်ယောက် ရှိတယ်ဆိုတာ သတိရအုံးဗျ တခြားလူတွေ ကြည့်မှာတောင် မနာလို ဖြစ်လာပြီကွာ
ကို ကလည်း မေ ချစ်တာ ကို့တစ်ယောက်တည်းပါ တခြားသူအတွက်မှ မဟုတ်တာ
အင်း ကို ယုံပါတယ်ကွာ
ကို ကို !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! အရာအားလုံး မဟုတ်ဘူး ကျမဘ၀တစ်ခုလုံး အမှောင်ကျသွားတာပါ ကိုရယ် ကျမရဲ့ အစွဲအလန်းတစ်ခုကို ဖျောက်ပေးမယ်ဆို အခုတော့ အစွဲအလန်းကို ကြောက်ရွံမှု တစ်ခုအဖြစ် ကျမကို တစ်သက်စာ ရက်စက်မှု လက်ဆောင်အဖြစ် ပေးခဲ့တာလားကို
မနက်ရောက်တိုင်း ငိုကြွေးခြင်းနဲ့ စတင်ခဲ့တဲ့ သူမလေးရဲ့ မျက်ရည်တွေကို တဘ၀စာ ချုပ်ငြိမ်းသွားသော သူမ ကောင်လေးက သိပါ့မလား................

No comments:

Post a Comment