အသာယာ ငါ့နှလုံးသား မှေးစက်မယ်လို့
စဉ်းစားလိုက်ချိန် တခဏလေး
တိမ်လွှာစိုင်တွေကြား သူ့မျက်နှာကို အလွမ်းတွေနဲ့ ငေးမော
မြူတွေကလည်း အလိုက်သိစွာ ငြိမ်သက်နေပြန်ရှာ
မျက်တောင် တချက်အခတ်မှာ မေ့လိုက်တော့မယ့်
စိတ်ကူးလေးတွေကို နှလုံးသာuး
လက်မခံလို့ နောက်ပြန်လှမ်းမယ့် ငါ့ခြေလှမ်းတွေ
မျက်ဝန်းက မျက်ရည်ကို ခုတုံးလုပ်လို့
တားနေတော့လည်း
နင့်ရင်ခွင်က ဘယ်သောအခါမှ
ထွက်ပြေးလို့ လွတ်ပါတော့မလည်း
မောင်ရယ် (19-8-2011)
No comments:
Post a Comment