တသက်မှာ တစ်ခါသာ ချစ်ဖူးမယ်ဆိုယင် နင်အတွက် စဉ်းစားနေရပေမယ့် ငါ့အတွက်ကတော့ နင့်ကိုဆိုတာ ဒက်ခနဲ မှတ်မိလွယ်အောင် နာမည်တလုံးတည်းပဲ အသည်းမှာ နေရာယူထားဖူးတာလေ
မင်းချစ်သူက ဘာတွေကြိုက်တတ်လဲ ဘယ်တွေသွားတတ်လည်းလို့ တိုက်ဆိုင်လို့ သူငယ်ချင်းတွေက မေးလာတိုင်း မှတ်စုစာအုပ်ထဲ မင်းရှာချင်ရှာနေရလိမ့်မယ်၊ ငါကတော့ မင်းဘာကြိုက်တယ် ဘယ်တွေသွားတတ်တယ်ဆိုတဲ့ နေ့စဉ် အချိန်ဇယားတွေ အလွတ်ရလောက်အောင် စောက်ရမ်းချစ်ခဲ့တာ
ဂူဂျွန်ဖြိုး၊ နေတိုး သူတို့တွေ ဘယ်လောက်ချောမောခန့်ညားတယ်လို့ ကောင်မလေးတွေ ပြောချိန်တိုင်း ငါ့နှာခေါင်း အရှိန်က နင့်ကို မမှီဘူးလို့ လိုက်လိုက်ပြောပြသတဲ့
စိုင်းထီးဆိုင် ၊ ခင်မောင်တိုး သီချင်းတွေကို နင်နားထောင်က ငါဘာမှ မပြောပေမယ့်လည်း ငါကြိုက်တဲ့ Hip-Hop သီချင်းတွေကိုလည်း မသိချင်ယောင်ဆောင်ပြီး လိုက်ညဉ်းပေးကြည့်ပါလား
အရာရာတိုင်းမှာ နင်ဦးဆောင်မှရမယ်ဆိုတဲ့ စိတ်တွေကြီးစိုးနေတာကို နင်သတိပြုမိမယ်ဆိုယင် ငါ့အနားကနေ ခဏခဏ ထွက်သွားချင်တဲ့ စိတ်တွေကို ချုပ်ထိန်းပေးပါလား ချစ်သူ
နင်ခေါ်နေကျ နာမ်စားလေကို ငါဘယ်လောက်ထိ မက်မောခဲ့ရသလို နင့်ကိုခေါ်နေကျ နာမ်စားကို ဘယ်လောက်ထိ စွဲလန်းတယ်ဆိုတာ သူငယ်ချင်းတွေကို မှားခေါ်မိတဲ့အထိ ရူးသွပ်သတဲ့
အရင်တုန်းကတော့ မင်းစေလိုရာစေနေတဲ့ ကောင်မလေးက…………..
မင်းပစ်ထားတဲ့အချိန်မှာ ငါတခြားတယောက်ယောက်ကို ၇င်ခုန်သွားနိုင်တယ်နော် ပြီးမှတော့ မင်းကိုယ်တိုင်တောင် မကျင့်သုံး နိုင်တဲ့ သစ္စာဆိုတဲ့ စကားစုနဲ့လာမပုတ်ခတ်နဲ့ ငါအ၇င်လို မ အ တော့ဘူး
No comments:
Post a Comment