Monday, September 26, 2011

ရုတ်တရက်ပေါ့

လောကကြီးတစ်ခုလုံးကိုမေ့သွားရင်တောင် နင့်ကိုသတိရနေသေးချင်တယ်...
စကားမပြောတတ်တော့ဘူးဆိုရင်လည်းနင့်အကြောင်းတွေကိုတော့ပြောတတ်နေသေးချင်တယ်...
ဘာမှမမြင်နိုင်တော့ဘူးဆိုရင်တောင်ငါ့အာရုံထဲမှာနင့်ကိုမြင်နေသေးချင်တယ်...
ငါနားတွေကြားနိုင်စွမ်းမရှိတော့ဘူးဆိုရင်နင့်အကြောင်းတွေ၊နင့်ပြောတဲ့စကားတွေကိုကြားနိုင်နေသေးချင်တယ်... ဘာမှမလုပ်နိုင်တော့ဘူးဆိုရင်လည်းနင့်အတွက်၊နင်လိုအပ်တာလေးတွေလုပ်ပေးနေသေးချင်တယ်.. .လောကကြီးနေထွက်ခွာရမယ်ဆိုရင်တောင်နင့်ဘေးနားမှာဝိညာဉ်အဖြစ်နဲ့နေချင်သေးတယ်... နင့်ဆီကနေထွက်သွားပါတော့လို့ ပြောလာရင်တောင် ယောင်လည်လည်နဲ့ နင့်ရဲ့မနီးမဝေးမှာငါရှိနေချင်သေးတယ်...
အချိန်ကအကောင်းဆုံးသမားတော်တဲ့...ငါငြင်းလိုက်ပါတယ်...ဘာဖြစ်လိုလဲဆိုတော့ငါခံစားနေရတာတွေကို 
အချိန်ကကုသမပေးနိုင်လို့ ပေါ့...

(တချိန်က မောင်ရေးပေးခဲ့တဲ့ စာတွေကို ပြန်လည်ခံစားခြင်း :P)

No comments:

Post a Comment