ကောင်မလေးရေ...လူသားတိုင်းစိတ်ဝင်စားနေကြတဲ့အချစ်ဆိုတာဘာလဲ...ငါကိုယ်တိုင်တောင်မသိပါဘူး...ဒါပေမယ့် နင့်ကိုပျော်စေချင်တယ်...နင်ပျော်နေရင် ငါလည်းပျော်တယ်...နင်စိတ်ညစ်နေတယ်ဆိုရင် အနားမှာနေပြီးတော့ အားပေးချင်တယ်... နင်လိုအပ်တဲ့အချိန်နင့်ဘေးနားမှာနေပေးပြီး နင်မလိုအပ်သေးရင်တော့နင့်ရဲ့နောက်နားမှာနေမယ်...အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်ဘူး၊ပေးဆပ်ခြင်းလည်းမဟုတ်ဘူး...၀မ်းနည်းကြေကွဲခြင်း၊ပျော်ရွှင်ကြည်နူးခြင်းလည်းမဟုတ်ဘူး...အချစ်ဆိုတာ လျှို့ ဝှက်ချက်တွေများတဲ့ပဟေဌိတစ်ခုပဲဖြစ်တယ်...ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ကိုတွက်နေရတာက အချစ်ကိုရှာနေတာနဲ့ တူတယ်... အချစ်ဆိုတာကလည်းခက်သားလားကောင်မလေးရယ်...သေချာကြည့်နေတဲ့ကြားက မမြင်မတွေ့ လိုက်ရပဲ၊ သိလိုက်ရတဲ့အချိန်မှာတော့ ကုလို့ မရတော့တဲ့ ရောဂါတစ်ခုလိုဖြစ်နေပြီလေ...အဲဒီအချစ်တစ်ခု ကိုနင်နဲ့ တွေ့ မှငါသိခွင့်ရခဲ့တာပါ... ငါ့အချစ်တွေကိုလူတကာသိအောင်မပြောပြချင်ပါဘူး... နင်တစ်ယောက်တည်းကိုပဲတိုးတိုးလေးပြောပြမယ်နော်...နင်သိချင်ရင် ငါ့ရင်ခွင်ထဲဝင်ကြည့်ပါ... ငါ့အသက်ရှူသံနဲ့ အမျှ မင်းကိုချစ်တယ်လို့ အော်နေတဲ့အသံတွေကြားရလိမ့်မယ်
No comments:
Post a Comment