ချစ်သူရေ...နင့်ကိုငါချစ်လို့ တခါတလေမှာ စိတ်ပူပြီးပြောမိတာတွေကို နားလည်ပေးပါ...နင်လာနေကြအချိန်တွေမှာ မလာသေးရင်ငါ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကို နင်နည်းနည်းလေးဖြစ်ဖြစ် ခံစားကြည့်ပေးပါ... အချစ်ဆိုတာနင်နဲ့ တွေ့ မှစသိရပေမယ့် အမုန်းဆိုတာကိုတော့နင်နဲ့ ပတ်သက်ပြီးငါမသိချင်ဘူး... ငါကလောဘကြီးတဲ့သူတစ်ယောက်ပါ...တခါတလေ ငါခံစားရလွန်းအားကြီးပြီး ပေါက်ကွဲထွက်လာတဲ့ စကားတွေကနူးညံ့မှာမဟုတ်ပေမယ့် ငါ့ရဲ့ရင်ထဲကခံစားချက်ကို နင်နားလည်မယ်ဆိုရင်... နင်အနားနားမှာနေပြီးတော့ နင့်ကိုအရမ်းချစ်တာပဲလို့  အချိန်တိုင်းပြောနေချင်တယ်... ငါ့ရဲ့အချစ်တွေကို တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့အချစ်နဲ့ မနှိုင်းလိုက်ပါနဲ့ ... ဘာဖြစ်လို့ လဲဆိုတော့ ငါ့အချစ်တွေကအနန္ဒအင်္သချေဖြစ်နေလို့ ပါပဲ... စကားကိုအလွန်အကျွံမပြောချင်ဘူး...လေးလေးနက်နက်နဲ့ တစ်ခွန်းပဲပြောမယ်နော်... နင့်ကိုငါအရမ်းချစ်တယ်...
(ဆူတာများသွားလို့ဆိုပြီး ပြန်ချော့တဲ့စာဆိုပဲ!!!!!!!!!!!!)
No comments:
Post a Comment