မနက်မိုးလင်းလို့ မျက်လုံးနှစ်ဖက်ထဲကို အလင်းဝင်ရောက်လာတာနဲ့  ငါမြင်ချင်တာနင်တစ်ယောက်တည်းပါ... နင်ပြောလာမယ့်စကားလေးတွေ နင့်ရဲ့ချိုသာတဲ့အပြုံးလေးတွေ ကြင်နာတတ်တဲ့နင့်မျက်ဝန်းအကြည့်တွေကို ငါထာဝရပိုင်ဆိုင်ချင်တယ်...ငါ့ရဲ့အချိန်တွေအားလုံး နင့်ကိုပေးချင်တယ်...နင့်အနားမှာထာဝရနေချင်တယ်...
ငါဘယ်သွားသွား ငါဘေးနားမှာနင့်ကိုရှိစေချင်တယ်... အခုလိုဝေးနေရတဲ့အချိန်တွေမြန်မြန်ကုန်စေချင်တယ်... အရင်ကငါ့ဘ၀ကိုပြီးစလွယ်နဲ့ ဖြတ်သန်းခဲ့တယ်...နင်ရှိလာတဲ့နောက်ပိုင်းမှာငါ့ဘ၀ကအဓိပ္ပါယ်တွေပြည့်ဝလာတယ်
...ငါဘာလုပ်လုပ်နင့်အတွက်ဆိုတဲ့အတွေးတွေဝင်လာတယ်...ငါတို့ နှစ်ယောက်တွေ့ ဆုံရမယ့်အချိန်တွေကို တွေးမိရင်ပျော်တယ်...
...ငါဘာလုပ်လုပ်နင့်အတွက်ဆိုတဲ့အတွေးတွေဝင်လာတယ်...ငါတို့ နှစ်ယောက်တွေ့ ဆုံရမယ့်အချိန်တွေကို တွေးမိရင်ပျော်တယ်...
နင့်ကိုလွမ်းတယ်...နင်မရှိရင်မဖြစ်ဘူးဆိုတာနင်သိရင်ငါကျေနပ်ပြီ......
(သူကစာရေးပျင်းတယ် ဒါတောင်မှ မနည်းပူဆာလို့ ရေးပေးထားတာဆိုပဲ :D)
No comments:
Post a Comment