Image မဂ္ဂဇင်းစာအုပ်ကောက်ကိုင်ပြီး ဖတ်ကြည့်ပါတယ် မင်းသား/မင်းသမီးတွေကို ဗျူးထားတာ မြင်တော့ ဗျုးခံချင်လို့ တချိန်မှာ အောင်မြင်လာမယ်ဆိုယင် ဗျုးမယ့်သူတွေ တန်းစီမစောင့်ရအောင် ပြန်မေးထားကြည့်တယ် အစမ်း ဗျူးခန်းပေါ့နော့်..........
(၁) ခုတလောဘာတွေလုပ်နေလည်း မိုးအေးတော့ အပျင်းကြောထူနေပါတယ်!!!!!!!!!
(၂) အကြိုက်ဆုံး အရောင် အစိမ်းနုရောင်
(၃) အကြိုက်ဆုံး အစားအစာ အမေသုပ်ကျွေးတဲ့ ရခိုင်သဘောင်္သီးသုပ်၊ ရခိုင်ဟင်း
(၄) လတ်တလောတွေးမိတာ “သူနေမှ ကောင်းရဲ့လား”
(၅) သွားချင်တဲ့နေရာ ကျိုက်ထီးရိုးဘုရား၊ ချောင်းသာ(မိသားစုလိုက်)
(၆) ပြောဖြစ်နေတဲ့စကားတစ်ခွန်း ဟုတ်...........နောက်မဖြစ်စေရပါဘူး
(၇) အခုလိုချင်နေမိတာ Laptop
(၈) ကြားချင်နေတဲ့ စကားတစ်ခွန်း ပြန်လာတော့မယ်နော် :)
(၉) ငယ်ငယ်က ဖြစ်ချင်တဲ့ဆန္ဒ အစီအစဉ်တင်ဆက်သူ
(၁၀) ..........ကိုပြောနေကျစကား ကျန်းမာရေးဂရုစိုက်၊ ဘုရားစာရွတ်၊
(၁၁) မျှော်လင့်နေမိတာ အဖေနဲ့ အတူပြန်နေရဖို့
(၁၂) အရာရာကိုဖန်ဆင်းနိုင်မယ်ဆိုယင် ရေကြီးတဲ့ဒေသက ရေတွေကို ကန်အကြီးကြီးထဲ လှောင်မယ်
(၁၃) လောလောဆယ်ဝတ်ဖြစ်နေတာ ဘာတွေမှန်းသိဘူး
(၁၄) မကောင်းတဲ့အကျင့် မဆီမဆိုင် တာယာပွကြီးဝင်လုပ်တတ်တာတွေ
(၁၅) ၀မ်းနည်းရတဲ့ရက် 2008ခုနှစ် 11လပိုင်း
(၁၆) ဘယ်လိုဖြေတွေးခဲ့လည်း အကြင်နာတကယ်စစ်ယင် အသွားနဲ့ အပြန်ရှိမှာလို့
(၁၇) အချစ်ဆုံးသတ္တ၀ါ စနိုပီဆိုတဲ့ ခွေးမလေး
(၁၈) အပျော်ရွှင်ဆုံးနေ့ ဘွဲ့ရတဲ့နေ့
(၁၉) ညဉ်းဖြစ်နေတဲ့ သီချင်း ခဏတော့ခွဲနေမယ် ရေရှည်နီးစပ်ဖို့ဘဲလေ
(၂၀) ဘုရားမှာ ဆုတောင်းဖြစ်တာက လောကကြီး အေးချမ်းပါစေ
(၂၀) ဘုရားမှာ ဆုတောင်းဖြစ်တာက လောကကြီး အေးချမ်းပါစေ
No comments:
Post a Comment