Monday, October 10, 2011

သီတင်းကျွတ်လပြည့်နေ့

မနက်ဖြန်ဆိုယင် သီတင်းကျွတ်လပြည့်နေ့ပါ။ အားလုံးသိတဲ့ အတိုင်း ဒီနေ့မှာ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ မယ်တော်မိနတ်သားကို ဓမ္မာစကြာတရားတော်မြတ်ကို ဟောကြားပြီး နောက် လူပြည်ကို ပြန်လည်ကြွလာပါတယ်။ မြတ်စွာဘုရားကို မီးများထွန်းငြိပြီးပူဇော်ရာမှအစပြု၍ယနေ့တိုင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်းမီးများ ထွန်းငြိပြီး မြတ်စွာဘုရား ကိုပူဇော်ကြပါတယ်။

နောက်ပြီး လူကြီးသူမတွေကို ကန်တော့ကာ အပြစ်ပြုလုပ်မိက ခွင့်လွှတ်ပါရန် ၀န်ချတောင်းပန်ပါတယ်။ လူကြီးများက လည်းအပြစ်များကိုခွင့်လွှတ်ပြီးဆုမွန်ကောင်းများပေးပါတယ်။ ကန်တော့ခံပစ္စည်းတွေနဲ့ လက်ဆယ်ဖြာမိုးပြီး ကန်တော့ကြတာ ကလည်းချစ်စရာကောင်းတဲ့မြန်မာ့ဓလေ့စရိုက်တစ်ခုဖြစ်ပါတယ်။

လူတိုင်းသည် အပြစ်ပြုလုပ်ခြင်းနဲ့ မကင်းနိုင်သော်လည်း ပြုလုပ်မိသော အပြစ်အတွက် ၀န်ချတောင်းပန်ဖို့ရာ ၀န်လေး တတ်ပါသည်။အပြစ်အတွက် ၀န်ချတောင်းပန်ခြင်းသည် အရှုံးပေးခြင်းမဟုတ်၊ မိမိဘယ်လောက်အထိ လူသားဆန်တယ် ဆိုတာကိုပြသခြင်းဖြစ်တယ်လို့ထင်ပါသည်။

မိမိတို့ရဲ့ မိဘ၊ဆရာ အသက်ကြီ ၀ါကြီးများကို ဘယ်လောက်ပဲ အပြစ်မပြုလုပ်ပါဘူး ထင်သော်လည်း မထင်မှတ်တဲ့ အပြစ်လေးတွေ မသိလိုက်ပဲပြုလုပ်မိကြပေလိမ့်မည်။ ဒီနေ့မှာတော့ မိမိမှာရှိတဲ့ မာန်မာနတွေကို လျှော့ချပြီး မိဘ ဘိုးဘွား ဆရာသမား လူကြီသူမ များကို ကန်တော့ကာ အပြစ်ရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်လိုက်ကြရအောင်။

မိဘနဲ့ဝေးရာရောက်နေကြသော သားသမီးတွေလည်း မိဘဆီကို အနဲဆုံး ဖုန်းဆက်ပြီး အပြစ်ရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်လိုက်ပါလို့ တိုက်တွန်းပါရစေ။

ပြီးတော့ ရောင်စုံမီးပုံလေးတွေချိတ်ပြီး သီတင်းကျွတ်လပြည့်နေ့ညကို ကြိုဆိုလိုက်ကြရအောင်!!!!!!!!



No comments:

Post a Comment