အလိုမကျမှုတွေနဲ့ အိမ်အပြန်လမ်းကို
အပျော်မျက်နှာလေးနဲ့ စောင့်နေတတ်သူ
စိတ်မကြည်လင်ချိန် ဆူအောင့်တတ်တဲ့
ငါ့ကို ခေါင်းလေးသပ်ပြီးပြောပြတတ်သူ
ချစ်သူရဲ့ စွန့်ပစ်မှုကြောင့်
အငိုလွယ်နေတဲ့ ကျမကို
တရားနည်းလမ်းကျကျ
လမ်းမှန်ရောက်အောင် ပြောပြတတ်သူ
ပျော်ရွှင်ချိန်မှာ သူ့ကို မေ့ပြီး
ငိုကြွေးချိန်မှာ ကျမအတွက်
ရင်ခွင်တစ်ခု ဖွင့်ပေးထားရက်သူ
ပိုင်ဆိုင်ခြင်းဆိုတဲ့ အချစ်ကို
မတောင်းပါဘူးစုန်ရေကိုလက်ကိုင်ထားပြီး
ညညဆို တိတ်တိတ်လေး ကန်တော့ရတဲ့
ကျမရဲ့ တစ်ဦးတည်းသော
ထာဝရပေးဆပ်သူ
ကျမအနာဂတ်အတွက်
ရှိနေပေးပါလို့ ခဏခဏ တောင်းဆိုပြီး
ခဏခဏ ခြေစုံကန်နေတဲ့ ကျမကို
ခွင့်လွှတ်ခြင်းတွေ ပေးမြဲပေးနေတဲ့
ကျမရဲ့ မေမေ
ကြယ်တာရာတွေ မထွန်းလင်းတဲ့
လကွယ်ညမှာ အမေ့အချစ်တွေ
ထွန်းလင်းနေတာ
ကျမအသိဆုံးပါ
အမေ....................
အပျော်မျက်နှာလေးနဲ့ စောင့်နေတတ်သူ
စိတ်မကြည်လင်ချိန် ဆူအောင့်တတ်တဲ့
ငါ့ကို ခေါင်းလေးသပ်ပြီးပြောပြတတ်သူ
ချစ်သူရဲ့ စွန့်ပစ်မှုကြောင့်
အငိုလွယ်နေတဲ့ ကျမကို
တရားနည်းလမ်းကျကျ
လမ်းမှန်ရောက်အောင် ပြောပြတတ်သူ
ပျော်ရွှင်ချိန်မှာ သူ့ကို မေ့ပြီး
ငိုကြွေးချိန်မှာ ကျမအတွက်
ရင်ခွင်တစ်ခု ဖွင့်ပေးထားရက်သူ
ပိုင်ဆိုင်ခြင်းဆိုတဲ့ အချစ်ကို
မတောင်းပါဘူးစုန်ရေကိုလက်ကိုင်ထားပြီး
ညညဆို တိတ်တိတ်လေး ကန်တော့ရတဲ့
ကျမရဲ့ တစ်ဦးတည်းသော
ထာဝရပေးဆပ်သူ
ကျမအနာဂတ်အတွက်
ရှိနေပေးပါလို့ ခဏခဏ တောင်းဆိုပြီး
ခဏခဏ ခြေစုံကန်နေတဲ့ ကျမကို
ခွင့်လွှတ်ခြင်းတွေ ပေးမြဲပေးနေတဲ့
ကျမရဲ့ မေမေ
ကြယ်တာရာတွေ မထွန်းလင်းတဲ့
လကွယ်ညမှာ အမေ့အချစ်တွေ
ထွန်းလင်းနေတာ
ကျမအသိဆုံးပါ
အမေ....................
No comments:
Post a Comment