Thursday, October 27, 2011

လူစုံတုန်းလေး ရှင်းပြတာပါ


ဘာရေးရမလည်းလို့ စဉ်းစားနေရတာ တခါတလေ ခေါင်းမူးလာပြီး စားချင်တာတွေ လျှောက်စားတော့မှ(သူများဆီက ပိုက်ဆံချေးပီး) သက်သာသွားပါတယ်

ဘာဖြစ်ဖြစ် ရုံးပိတ်ရက်မှာ ကိုယ့်ရဲ့ ကောင်းကွက် ဆိုးကွက်တွေ(ဆိုးကွက်များနေပါတယ်)ကို ပြန်ရှာကြည့်ပီး ဘယ်သူမှကို မပြောပြရဲလို့ ဘလော့မှာ တင်ရေးလိုက်တယ်နော် ရှူးတိုးတိုး ဘယ်သူမှ ပြန်မပြောကြေး!!!!!!!!!!




ကောင်းတယ်ထင်တဲ့အကျင့်
  • ကြွားပြောချင်တဲ့ လူတွေရှေ့ရောက်ယင် ပါးစပ်လေးဟောင်းလောင်း၊ မျက်လုံးအ၀ိုင်းသားနဲ့ သူပြောသမျှ နားထောင်တတ်သူ
  • ကိုယ့်အိတ်ထဲက မကုန်ယင်ပြီးရော လက်ပစ်ဗုံးကို ယိုသုတ်ကျွေးမယ်ဆိုယင်တောင်မှ ဒကာရှင်ကျေနပ်အောင် စားတတ်သူ
  • ကိုယ့်ကို အသားမည်းတယ်လို့ ပြောလာတယ်များဆိုယင်တော့ ပြန်မပြောဘဲ ငြိမ်ခံနေသူ( ဟုတ်နေလို့လေ)
  • မျက်လုံးမကောင်းတဲ့သူတွေက ရုပ်ရှင်မင်းသမီးနဲ့များတူတယ်လို့ ပြောလာယင် အပြုံးလေးနဲ့ တုန့်ပြန်တတ်သူ (မှန်ရာကို ပြောတာဘဲလေ ဟုတ်ဖူးလား)
  • ရခိုင်ဟင်းချက်တာ အလွန်တော်သူ (ဆီပြန်ဟင်းဆို ချက်နည်းပြန်မေးနေရမှာမို့)
  • ရုံးပိတ်ရက်များဆိုယင်တော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ အခန်းအောင်းတတ်သူ(ဒါတောင် ဖုန်းလာတိုင်း ဘယ်သွားလည်းလို့ မေးနေတတ်တဲ့ တချို့တချို့ကို စိတ်တိုမိတယ်)
  • ချစ်လားလို့ သူမေးတိုင်း ချစ်တယ်လို့ ချက်ချင်းတုန့်ပြန်တတ်တဲ့ကောင်မလေး( သူတယောက်တည်းသီးသန့်ပါ)
  • ကိုယ်လုပ်ချင်တာလုပ်လိုက်ပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်တော့မှ နောင်တပြန်မရသူ
  • အိမ်က မိဘတွေနဲ့ ကိုယ့်ခင်ပွန်းအပေါ်မှာဘဲ စိတ်ကောက်တတ်သူ( ထမင်းကိုမစားတော့ဘဲ မုန့်ဘဲ စားတတ်သူ)
  • ထမင်းမှလွဲပြီး ကျန်တာဆို အစုံစားတတ်သူ 
  • မောင်ချက်တဲ့ဟင်းသိပ်စားကောင်းတာပဲဆိုပြီး ညာချက်ကျွေးခိုင်းတတ်သူ (ဘယ်သူမှ မသိစေနဲ့နော် ဟီး)

 
မကောင်းတဲ့အကျင့်

  • အပျင်းကြီးတတ်သူ 
  • မနက်ကို နိုးမယ့်သူများမရှိယင်တော့ ထမင်းအငတ်ခံပြီး အိပ်တတ်သူ(၀လာမလားလို့ပါ) 
  • နေရာတကာ ကိုယ်နဲ့ မဆီမဆိုင် တာယာပွကြီးဝင်ဝင်လုပ်မိတာတွေ (ပေါင်ချိန်နဲ့ အမျိုးတော်နေလို့) 
  • စိတ်တိုလာပြီဆိုယင် ဘာကိုမှ မမြင်တော့တာ ရှေ့မကြည့်နောက်မကြည့် ပြန်ပြောမိတာ 
  • အစွဲအလန်းကြီးပြီး အငြိုးကြီးတတ်သူ (တရုတ်သိုင်းကားတွေ ကြည့်တာများသွားလို့လေ) 
  • ဖြစ်နိုင်တာ မဖြစ်နိုင်တာနောက်ထား အဆုံးထိလျှောက်တွေးပြီး ဇီဇာကြောင်တတ်သူ 
  • အဆူခံရပြီဆိုယင်များဖြင့် မျက်ရည်က ချက်ချင်းဝဲတတ်သူ 
  • ဓါတ်ပုံရိုက်ပီဆိုယင်တော့ လက်၂ချောင်းထောင်တတ်တာကလွဲလို့ ဘာမှမလုပ်တတ်သူ 
  • စိတ်ထဲခံစားချက်ကို ဘယ်တော့မှ တပါးသူမြင်အောင် မပြတတ်တာ
(ဒီPostလေးဖြစ်မြောက်အောင် အကြံညဏ်ရရှိခဲ့တဲ့ သနပ်ခါးမေကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment