တန်ဆောင်တိုင်လို့ စတင်ဖြစ်ပေါ်လာတာကတော့ မြတ်စွာဘုရားရှင်လက်ထက်တော် တန်ဆောင်မုန်းလပြည့်ညတစ်ညမှာ အဇာတသတ်မင်းနှင့် နောက်ပါ ပရိတ်သတ်များသည် မြတ်စွာဘုရားရှင်ထံ ဖူုးမြော်အသွားမှာ အမှောင်ရိပ်လမ်းတစ်ချို့တွင် မီးရှူးတိုင်များ ထွန်းညှိလျက် ကိုယ်စိကိုင်ဆောင် သွားကြသတဲ့။ ရှေးက မီးရှူးတိုင်ကို တန်ဆောင်တိုင်ဟု ခေါ်ရာကနေ အစပြုပီး ရိုးရာစဉ်ဆက်မပြတ်ထိန်းသိမ်းလာကြလိုက်တာ ယနေ့ထိတိုင်ပါဘဲ၊
မီးပုံပျံလွှတ်တင်ခြင်းသည် တာဝတိသာနတ်ပြည်မှ ကြွမြန်းလာသော မြတ်စွာဘုရားအား ရည်မှန်းပြီး ပူဇော်သည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့်အပြင် တာဝတိသာနတ်ပြည်တွင် သိကြားမင်းတည်ထားကိုးကွယ်သော စူုဠာမုဏိစေတီတော်ကို ပူဇော်သည့် အထိမ်းအမှတ်တစ်ရပ်အနေဖြင့် လွှတ်တင်ခြင်းပြုကြတယ်လို့လည်း ရှေးလူကြီးတွေ ပြောပြလို့ မှတ်သားခဲ့ရပါတယ်။
လက်ကမ်းအဆင့်ဆင့် အမွေလို့ တခုလို့ မသတ်မှတ်၊ မဆိုနိုင်ပေမယ့် ထင်ရှားလှတဲ့ မီးပုံးပျံပွဲတော်အကြောင်းပြောမယ်ဆိုယင် လက်စွမ်းပြတော်လှတဲ့ တောင်ကြီးတန်ဆောင်တိုင်အကြောင်းကို အထင်ကရအနေနဲ့ ရေးသားဖော်ပြမိခဲ့တယ်
တောင်ကြီးမီးပုံပျံပြိုင်ပွဲ လွှတ်တင်ပူဇော်ပြိုင်ပွဲကို လွန်ခဲ့သည့်နှစ်ပေါင်း(၅၀)ကျော်က စတင်ခဲ့ပါတယ်။ တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံရှေ့ ရဲစခန်းနေရာတွင် ရဲအရာရှိများက ဦးဆောင်ပြီး ကျင်းပခဲ့ရာမှ တောင်ကြီးမြို့ မီးပုံးပျံပြိုင်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကြီးမြို့ ဒေသခံပြည်သူများသည် မီးပုံပျံလွှတ်တင်မှုကို အလွန်ဝါသနာကြီးသူများဖြစ်ကြပါတယ်။ ကလေးသူငယ်များကအစ ပေါက်စ ပေါက်နလေးတွေအဆုံး ၀ါသနာကြီးကြတာ။ ဒီလို ၀ါသနာကြီးမှု၊ အားပေးမှု ၊ ကူညီမှု ဆန်းသစ်တီထွင်မှုတွေကြောင့်လည်း တောင်ကြီးမီးပုံးပျံပြိုင်ပွဲကြီူးက ကမ္ဘာကျော်ခဲ့ရတာပေါ့ကွယ်။ ဒီနေရာမှာ မီးပုံးပျံ အကြောင်းလေး ပြောပြမယ်နော်။
မီးပုံးပျံများသည် မှိုင်းခံပြီး လွှင့်တင်သည့် မီးပုံးပျံ အမျိုးအစားများဖြစ်ကြပါတယ်။ ရှမ်းပြည်နယ် မိုင်းကိုင်မြို့မှ ပြုလုပ်သည့် မိုင်းကိုင်စက္ကူဖြင့် ပြုလုပ်ကြရပါတယ်။ အရွယ်အစားအမျိုးမျိုးရှိရာ အကြီးဆုံးအရွယ်အစားမှာ အချင်း (၂၄)ပေ၊ အထက်အောက်အမြင့်ပေ (၃၀)ပေရှိပြီး၊ (၂၂)လက်မ ပတ်လည်ရှိသော စက္ကူချပ်ရေ (၁၀၀၀)ခန့်ုပြုလုပ်ရတယ်။ မီးပုံးပျံတစ်လုံးရဲ့ ကုန်ကျစရိတ်ဟာဆိုလို့ရှိယင် ကျပ်တစ်သိန်း နှစ်သောင်းကျော်အထိ ကုန်ကျပါတယ်။ ပြိုင်ပွဲဝင် မီးပုံပျံများတွင် (၁) နေ့လွှတ် မီးပုံးပျံ၊ (၂) စိန်နားပန် မီးပုံးပျံ (၃) ညမီးကျည် ပြိုင်ပွဲဆိုပြီး ၃မျိုး ခွဲခြားထားပါတယ်။
နေ့လွှတ် မီးပုံပျံဆိုတာ နေ့အခါ လွှတ်တင်ပြိုင်ပွဲဝင်သည့် မီးပုံပျံ အမျိုးအစားဖြစ်ပြီး ကြက်၊ ဌက်၊ ဆင်၊ မြင်းစသော အရုပ်မျိုးစုံ ပါဝင်ပါတယ်။ စိန်နားပန်မီးပုံးပျံဆိုတာက အရွယ်အစားကြီးမားပြီး မီးပုံပျံတွင် ရောင်စုံမီးပုံးတွေကို ချိတ်ပြီး မိမိတို့် ဖော်ဆောင်ရာ ရုပ်ပုံသဏ္ဍာန်၊ စာလုံးတွေကို ပေါ်လွင်တဲ့ မီးပုံးပျံမျိုးဖြစ်ပါတယ်။ ရောင်စုံမီးပုံးငယ်လုံးရေ (၆၀၀)မှ (၈၀၀)အထိ ပါဝင်ပါတယ်။ နောက်တစ်မျိုးဖြစ်သည့် ညမီးကျည်ကတော့ လူငယ်တွေ အကြိုက် အလန်းဆုံးဘဲ မီးရှူး၊ မီးပန်းရောင်စုံနဲ့ အချိန်ကိုက်ပေါက်ကွဲစေသည့် ယမ်းခွေတွေအပြည့်နဲ့ တပ်ဆင်ထားတဲ့ မီးပုံးပျံအမျိုးအစားဖြစ်ပါတယ်။
ယခုဆိုယင် မီးပုံပျံပြိုင်ပွဲအပြင်၊ မီးပဒေသာ လှည့်လှည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယှက်လုပ် ပူဇော်ပွဲတွေအပြင် ဓါတ်ပုံဝါသနာရှင်များအတွက် ဓါတ်ပုံပြိုင်ပွဲ၊ တန်ဆောင်တိုင်ရဲ့ ရသပေါ်လွင်အောင် ဖော်ပြပီး သီချင်းသီဆိုသူပြိုင်ပွဲ၊ ကိုယ်ပိုင် သီချင်းရေးစပ်သူပြိုင်ပွဲတွေကိုလည်း ထပ်ဆင့် တိုးမြှင့်ထားပါတယ်။
မြန်မာမှန်ယင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့ စကားထုံးရှိသလို မြန်မာ့တို့၏ စည်းလုံးမှု၊ ညီညွှတ်မှု၊ ကြိုးပမ်း အားထုတ်မှုတွေကို တွေ့မြင်ရမယ့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဆီသို့လည်း အလည်တစ်ခေါက် အရောက်လှမ်းလာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ တောင်ကြီးမြိ့ တန်ဆောင်တိုင် ဘုံကထိန် ပဒေသာပင် လှည့်လှည်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို မဆင်နွဲဖူးလျှင် မြန်မာပြည်မှာ လူဖြစ်ရခွင့် ပီသမှာ ဟုတ်လောက်ဘူးနော့်...........
No comments:
Post a Comment