တစ်ဖက်သားကို ဖြေရခက်စေမယ့် ရွေးချယ်ရခက်စေမည့် စကားမျိုးကို မမေးသင့်ဘူးလို့ ထင်ပါတယ်၊(ကျမသိသလောက်ပေါ့) အဲ့ဒါတွေကတော့....................
- ကျမနဲ့ ရှင့်မိဘကို ဘယ်သူကို ပိုချစ်လည်း?
(မိဘကို ချစ်တာ 528 မေတ္တာမျိုး၊ ကိုယ့်ကိုချစ်တာ 1500မေတ္တာ အဲ့ဒါကိုမှ လောဘတတ်ပြီး ကလေးဆန်တဲ့ မေးခွန်းမျိုးက မိမိရဲ့စရိုက်ကို ပြသလိုက်တာမျိုးမို့ မမေးသင့်ပါဘူး)
- အစည်းအဝေးရှိနေတာကို သိပေမယ့် မိခင်နေမကောင်းလို့ ဆေးခန်းဝင်ပို့နေရတဲ့အလုပ်နောက်ကျ ရုံးဝန်ထမ်းကို အထက်လူကြီးက ”မင်းအမေက အရေးကြီးလား အစည်းအဝေးမှာ တင်ပြရမှာတွေ အားလုံးကမောက်ကမ ဖြစ်ကုန်ပီ”
(ဒီလိုပြောလိုက်တာ သင့်ဖက်က မှန်ကန်တယ်လို့ ယူဆပေမယ့် ၀န်ထမ်းခံစားချက်က တသက်လုံး ငါကောင်းအောင်လုပ်လာတာကျတော့ ချီးကျူးသံမကြားရဘူး ငါ့အမေနေမကောင်းလို့ ဆေးခန်းဝင်ပို့မိတာ မိဘခြင်းမစာနာတတ်တဲ့ အလုပ်လို့ ထင်မြင်စေပြီး သင်နဲ့ သင့်အလုပ်ကို သူဆက်လုပ်နေမယ်ဆိုလည်း စိတ်ထဲမှာ တာဝန်အရ လုပ်ဆောင်ခြင်းသာ ရှိတော့ပါမယ်)
- လောကကြီးမှာ ကျမထက် အရေးကြီးတာ မရှိရဘူး
(ကြားဖူးနေကျပါ သမီးရည်းစား၊ ချစ်သူဘ၀မှာ အများဆုံးကြားနေကျပါ၊ အတ္တသိပ်ဆန်သွားပီလို့ ယူဆမိစေပါတယ်၊ တကယ်တမ်းတော့ ကျမတို့ထက် အရေးကြီးတဲ့ လူမှုရေး၊ ဘာသာရေး၊ အခြားကိစ္စတွေလည်း ရှိတတ်စမြဲမို့ ကိုယ်ချစ်ရသူကို လောဘကြီးနိုင်ပါတယ်၊ ဒါပေမယ့် မှန်ကန်တဲ့ လောဘကြီးတတ်မှုဖြစ်ပါစေ)
လောကကြီးမှာ ငါဆိုတဲ့ အတ္တက ထားသင့်တဲ့နေရာရှိသလို မထားသင့်တဲ့နေရာလည်း ရှိပါတယ်၊ နှုတ်က ထွက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် လူတစ်ဖက်သားကို ပျော်ရွှင်စေသလို ၊ အဲ့နှုတ်က ထွက်တဲ့ နှုတ်ကြမ်းစကားကြောင့်လည်း ရန်သူတစ်ထောင်တိုးပွားစေပြန်ပါတယ်၊ လူတိုင်းကို ကိုယ့်စိတ်နဲ့ ကိုယ်ခံစားချက်အတိုင်း ခံစားတတ်စေပြီး ငါဒီလိုပြောလိုက်ရင် သူ့နေရာမှာသာဆိုရင် ဘယ်လိုဖြစ်မလည်းလို့ စဉ်းစားချင့်ချိန်ပြီး ပြောလိုက်ကြမယ်ဆိုရင်ဖြင့် ဒီလောကကြီးမှာ ငြိမ်းချမ်းခြင်း ပန်းတွေ အမြဲပွင့်လန်းနေတော့မှာပါ.....................
No comments:
Post a Comment