Thursday, November 3, 2011

တန်ဆောင်တိုင်အလွဲ




တောင်ကြီးတန်ဆောင်တိုင်ရောက်လာတော့ 2009ခုနှစ်က တန်ဆောင်တိုင်အမှတ်တရလေးကို ပြန်ပီး သတိရမိတယ်၊ (လူစုံတော့ပိုမှတ်မိသွားအောင်လို့ပေါ့နော်)သွားလည်မိတာက အဖိတ်နေ့ သိတဲ့အတိုင်းပဲ အဖိတ်နေ့ဆိုတော့ လူတွေနဲ့ စည်ကားနေပါတယ်။ လပြည့်နေ့ဆိုယင် ပိုတောင်မှဆိုးသေးတယ်၊ ပင်းတယက ညီမလေးတ၀မ်းကွဲတွေရောက်လာတာနဲ့ ညီမ(၂)ယောက်တည်းဆိုယင် သွားဖြစ်မှာတောင် မဟုတ်ဘူး၊ ညသွားလည်မယ်ဆိုပြီး အနွေးထည်အထူကြီးတွေဝတ် ပြီးယင် လက်တွေ မဖြုတ်ဖို့ အကြီးဖြစ်တဲ့ ကိုယ်က အတန်တန်မှာနေမိသေးတယ်၊ ကိုယ်ကလူကြီးဆိုတော့လေ၊ ကလေးတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိတာပေါ့ အဲ့အချိန်ထိ ကောင်မလေးဘာမှဖြစ်သေးဘူး။ လူတွေကလည်း တိုးတယ်ဆိုတာထက် လက်တွေသရမ်းတာက ခပ်များများ တကယ်တကယ် ပွဲတော်ကို အကျည်းတန်စေတယ်၊ မီးပုံပျံကွင်းဖက်သွားမယ်ဆိုတော့ တော်တော်တိုးလိုက်ရတယ်၊ ဒါတောင် ကိုယ်က အရပ်ရှည်နေလို့ မုခ်ဦးရောက်မရောက်ဆိုတာ လှမ်းမြင်နေရသေးတယ်၊ မောင်နှမတွေထဲမှာ ယောက်င်္ကျားလေး တယောက်ထဲ ပါပါတယ် ဆိုမှ အမတွေလက်တွေတွဲခံရတာကို သူကရှက်လို့တဲ့ လူကြည့်တော့ ကလေးသာသာဘဲ ရှိသေးတယ်၊ တချက်က ထုလိုက်ရသေးတယ်၊ မျက်နှာက ခပ်မဲ့မဲ့၊ ရဟတ်စီးချင်တဲ့သူနဲ့ ပင်လယ်ဓားပြလှေစီးမယ် ဆိုတဲ့သူကတမျိုး၊ ဂလုံးဂလင်းထိုးမယ်ဆိုတဲ့ ကိုယ့်စိတ်ကလည်း တာစူနေတယ်၊ အဲ မုခ်ဦးရောက်ပီဆိုတော့ သက်ပြင်းချမိတယ်၊ ရောက်ပီပေါ့.......................

ဇာတ်လမ်းက အဲ့မှာစပြီ၊ ဘယ်ကနေပေါ်လာတဲ့ အဖွဲ့တွေမှန်းမသိဘူး ဟေးခနဲ့အော်ပြီး ပြေးလာလိုက်တာ ကိုယ်လည်း လန့်ပြီး ဘေးရှောင်လိုက်တာ ကိုယ့်ညီမတွေကို မမြင်တော့ဘူး ကိုယ်နဲ့ ညီမတ၀မ်းကွဲတယောက်ဘဲ လက်လေးတွဲပြီး ကျန်နေ ခဲ့တော့တယ်၊ မျက်လုံးလေး ပေကလယ်နဲ့(ဒါတောင် ချစ်စရာကောင်းနေလို့တော်သေး) ဟာ ဘယ်ရောက်ကုန်ပီလည်းပေါ့၊ လိုက်ရှာတာ ကွင်းထဲလိုက်ရှာလည်းမတွေ့၊ ရဟတ်ဘေးရှာတော့လည်းမတွေ့၊ ရှာနေတာ လူတောင် ချွေးပြန်လာတယ်၊ အမေက သေချာမှာလိုက်တယ်၊ လူကွဲလို့ အိမ်ပြန်လာယင် အရှိုးရာထင်ပီသာမှတ်လို့ ကြိမ်းထားတော့ ပိုဆိုးတာပေါ့(ခုထိ အမေကိုကြောက်ရတုန်း ငယ်ကြောက် :)) ကွင်းထဲမှာ ဘော်ဒါတွေနဲ့ ချိန်းထားတာ ၉နာရီ အခုဆို 10နာရီတောင်ကျော်နေပီ မတွေ့သေးဘူး မီးပုံးပျံတလုံးပြီးတလုံးတတ်သွားတယ် ကိုယ်က တလုံးမှ မကြည့်ရသေးဘူး၊ အဲ့ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ဖြစ်ချင်ရာဖြစ်ဆိုပီး မီးပုံပျံကွင်းထဲ ဆင်းထိုင်နေချိန်မှာပဲ..........



လုံခြုံရေးအသံချဲ့စက်ကနေ “ကျောင်းကြီးစုရပ်ကွက်နေ မ................ကို လုံခြုံရေးရုံးရှေ့မှာ ညီမများစောင့်နေပါတယ်”
(၅)ခေါက်လောက်အော်တော့ ဒါဆို ငါ့နာမည်ပေါ့ သေချာပြီဆိုပြီး လုံခြုံရေးရုံးရှေ့အပြေးအလွှား ပြေးသွားကာမှ ပိုဆိုးပါရော၊ ချိန်းထားတဲ့ဘော်ဒါတွေလည်း ဘယ်ကနေပေါ်လာမှန်းမသိဘူး နင်ကတော့လေ ဘယ်တော့မဆို ရှပ်တီးရှပ်ပြာ လွဲနေရမှကျေနပ်တဲ့ကောင်မလေးပဲ၊ ဒီအရွယ်ဖြင့်ရောက်နေပီလူပျောက်ရှာရတုန်း မရှက်ဘူးလား ဆိုပြီး ပြောချင်လွန်းတဲ့သူတွေများ တရစပ်ကျိုက်ထီးရိုးသေနတ်လုပ်တော့ ညီမဖြစ်သူကို မာန်ရတော့တယ်၊ ဟုတ်တယ်လေ သမီးမှ မကြီးကိုရှာတာ မတွေ့တော့လို့ အသံချဲ့စက်နဲ့အော်ခိုင်းလိုက်တာတဲ့ ကောင်းရော.........အခုထိ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတိုင်း ဒီအကြောင်း ပြောလွန်းလို့ ရှက်ပြုံးလေးနဲ့ ခေါင်းကုတ်နေရတုန်းပဲ။

No comments:

Post a Comment