Friday, November 4, 2011

ဒီအချိန်ဆို.........


မနက်ခင်းတိုင်း အတူရှိခဲ့ဖူးတဲ့
နေ့ရက်တွေကလည်း
ဘယ်တွေများ အလည်ရောက်ရှိသွားပါလိမ့်
ကော်ဖီနံ့တွေတောင်မှ မူးနောက်စေတာ
သူနဲ့ ခဏတာဝေးနေချိန်တွေ
 အဖော်မဲ့နေတဲ့ ကော်ဖီခွက်လေးကလည်း
သခင်ပြန်အလာကို မျှော်လင့်နေသယောင်ယောင်မို့
ငါ့လက်ထဲက ကော်ဖီခွက်လေးတောင်
မျက်နှာမဲ့တဲ့တဲ့လေး
မနက်ခင်းတိုင်းတောင်မှ မလှပနေတာ
လွမ်းတတ်တယ်ဆိုတဲ့ စိတ်အစဉ်က
ကမ္ဘာကြီးကိုမှောင်စေပါတယ်
နေ့နဲ့ညတွေကလည်း အကျည်းတန်စေပေမယ့်
မနက်ခင်း ကော်ဖီချိန်တိုင်းမှာတော့
လောဘကြီးစွာ မျှော်လင့်တတ်တဲ့
ဒီကောင်မလေးဘ၀................






No comments:

Post a Comment