ထွက်ကျလာတဲ့ စကားလုံးတွေက
နင့်အတွက် ခါးသက်မှန်းသိလျက်
နင်ကြိတ်မှိတ်ပျော်ဝင်နေသားကျနေသလိုပါဘဲ
မာယာများတဲ့ လောကကြီးထဲမှာ
ထက်မြက်တဲ့ မိန်းမငယ်အဖြစ်
နေတတ်စေလိုတဲ့ ငါ့ချစ်သူ နင့်အပေါ် ထားမိတဲ့
မုန်းမာန်ပျိုး အချစ်တွေပါ
ငါ့ရင်ဘတ်ထဲက မျက်ရည်တွေကို
နင်ဘယ်တော့မှ မြင်မိမှာ မဟုတ်ဘူး
ငါက နင်အတွက်ဆို ပြုံးပျော်စေချင်သူ
တယောက်သက်သက်ပါ
ဒါပေမယ့်.................
အချစ်ဆိုတာ စွန့်လွှတ်ခြင်းတဲ့
ငါဘယ်တော့မှ လက်မခံတဲ့ စကားတစ်ခွန်း
နင့်ကို ပိုင်ဆိုင်ခွင့်ရချင်မိတာ
တစ်သက်တာ ဖြစ်ခွင့်ရတဲ့ ဒီဘ၀ခဏတာမှာ
တန်ဖိုးထားတတ်လွန်းလို့
ငါ့ကိုယ်ငါ ယောက်င်္ကျားသိက္ခာမရှိသလို
နင့်ရှေ့မှာ ဒူးထောက်မတတ် ကျရှုံးခဲ့တာ
နင်မသိသလိုပါဘဲ
“တယောက်တည်းနေချင်တယ်“
အဲ့စကားတွေ သိပ်မပြောစမ်းပါနဲ့
ငါ့အတ္တတွေများလွန်းမှန်းသိပါတယ်
နင်နဲ့ပတ်သက်ယင် မရင့်ကျက်မှန်းသိပါတယ်
နင့်အတွက် ငါဖြစ်သလို
ငါ့အတွက်နင်ဖြစ်ခွင့်ရချင်တယ်
အဲ့စကားတွေ နားမ၀င်မှန်းသိလည်း
ငါ့အနားမှာ ဘ၀ဖော်အဖြစ် ရာသက်ပန်
ရှိခွင့်လေးကိုတော့ .................
ခေါင်းမလွဲလိုက်ပါနဲ့ ချစ်သူရယ်
No comments:
Post a Comment