Friday, September 16, 2011

အခြားတဖက်မှာ...........


အပိုင်း(၂)
ကျနော် နာမည်က စောမင်းဝေ ကျနော်သိပ်ချစ်ရတဲ့ ကောင်မလေးနာမည်က မေသက်ဝေ အရာရာတိုင်း ကမြန်ဆန်လွန်းအားကြီးလို့ နှုတ်ဆက်ချိန်တောင် မရလိုက်ဘူးမေ စိတ်ချ ကို ဆိုနေကျသီချင်းလေးထဲကလို ဘ၀ခြင်းခြားတောင် ဆက်ချစ်နေပါ့မယ် 

ဒိစံပယ်ပင်ပုလေးတွေကို နောက်ဆို မေ စောင့်ရှောက်၇တော့မယ်နော် စံပင်ပေါက်လေးတွေက အပစ်ကင်းတယ်ကွ မေ့လိုပေါ့ ကျမပါးလေးကိုချစ်စနိုးဆွဲလိမ်ပြီး ရေညာလောင်းခိုင်းတာလေ အခုဆိုယင် စံပယ်တွေပွင့်နေပြီ...ကို

ကျမတို့၂ယောက် လက်ထပ်ပြီးယင် နေမယ့် ဒီအိမ်ခြံဝင်းလေးကို  မောင့်စိတ်ကူးတွေချည်းဘဲ အရောင်တွေကတော့ ကျမစိတ်ကူးတွေ မိဘတွေ တားတဲ့ကြားထဲကနေ ကျမ ဒီအိမ်လေးမှာ လာနေဖြစ်တာကကို့ကို ခဏခဏ မလွမ်းချင်တော့လို့ မောင့်ကို နောင်ဘ၀ကူးကောင်းစေချင်တယ် ကျမသိနေတယ် မောင် ကျမ ဘေးနားမှာရှိမှာ အထူးသဖြင့် ကို ဒီအိမ်လေးမှာ ရှိယင် ကောင်းမှာဆိုပြီး ပြောင်းလာခဲ့မိတယ်။

ခွမ်း!
ဘာဖြစ်တာလည်း မိဦး
ဟို လေ ဟို ရေလောင်းယင်း စံပယ်အိုးကျကွဲသွားတာပါ အမ
ကျမ ကွဲရှသွားတဲ့ စံပယ်ပင်ပေါက်လေးကို ကြည့်ပြီး မျက်ရည်ဝဲတတ်လာတယ်၊
ရေစင်နားမှာ ထားလိုက်နော် အမ ညနေကျမှ အိုးထပ်ဝယ်မယ် ဟုတ်ပီလား သေချာဂရုစိုက်လုပ်
ဟုတ် မကြီး

ရုံးကပြန်ရောက်တော့ အလုပ်တွေက အိမ်ပါလာပြန်ရော၊  ညနေစာ ထမင်းစား ခဏနားပြီး အိပ်ခန်းထဲမှာ အလုပ်တွေ ပြန်လုပ် အဲ့အချိန်မှာ  ကျမနှာခေါင်းထဲကို စံပယ်နံ့ သင်းသင်းလေး ဖြတ်ပြေးသွားတယ် ကျမ အိမ်ခန်းခေါင်းရင်းက အနံ့ ကျမ ရေစင်နားကို သွားကြည့်တော့ စံပင်ပင်ပေါက် မရှိတော့ဘူး  မိဦးကလည်း အိပ်နေတော့ မနက်ကျမှဘဲ မေးတော့ပါမယ်ပေါ့လေ အလုပ်တွေဆက်လုပ်ပြီး ကျမ အိပ်ပျော်သွားတယ်၊ 

မေက သေချာလည်း မမှတ်ထားဘူးကွာ ကိုပြောတာတွေဆိုယင်
မေ ဘာမှားပြန်ပိလည်းကို
စံပယ်တွေက ရေကြိုက်ပေမယ့် ရေစင်တွေနားမှာ မထားရဘူး ရေမ၀ပ်ရဘူးဗျ  အဲ့ဒါကြောင့် စံပယ်ပင်ပေါက်ကို သစ်ခွတန်းပေါ် တင်ထားလိုက်တယ် ဟုတ်ပီလား မေ့ကို ကိုသိပ်ချစ်တယ်ဗျ
ကျမ ရုတ်တရက် လန့်နိုးလာတယ် တကယ်လား အိမ်မက်လားဆိုတာ ကျမနဖူးက ဇောချွေးတွေက သက်သေခံနေတယ် ဟူုတ်တယ် ကို ကိုယ်တိုင် သေချာပြောနေသလိုပါဘဲ ဟုတ်တယ်


ကျမအပြေးအလွား သစ်ခွတန်းဖက် သွားကြည့်တော့ စံပယ်ပင်ပေါက်လေးက ငြိမ်သက်နေတယ် မိဦးဆို ပါးစပ်ဟောင်းလောင်းလေးနဲ့
မကြိး  အစ်ကို ပြန်လာထားတာ ထင်တယ်  မကျွတ်သေးဘူးထင်တယ်နော် မိဦးကြောက်တယ်
ဟယ် မဟုတ်တာ  ဘ၀ခြင်းမှ မတူတော့တာဟယ် ကဲ ပြန်အိပ်တော့ တိုက်ဆိုင်တာ ဖြစ်မယ် ကြားလား
ဟုတ်
လူတစ်ဖက်သား ကြောက်မှာဆိုးလို့ နှစ်သိမ့်လိုက်ပေမယ့် ကျမလက်တွေ တုန်နေပြီး နှုတ်ခမ်းတွေ တုန်နေတယ် တော်တော်နဲ့ လည်း ပြန်အိပ်မပျော်ဘူး
မေသိပ်ရက်စက်တယ် မေ့အနားမှာနေချင်လို့ ရေစက်ချတောင် ကိုယ့်နားတွေ ပိတ်ထားမိတယ်  မေ့ကို တယောက်တည်း စိတ်မချလို့ပါကွာ အခုတော့ မေက ဘ၀ခြင်းခြားတယ်လို့ ပြောတယ်  ကို ဒိအိမ်ထဲမှာဘဲနေတယ်  ဘယ်မှာနေတယ်ဆိုတာ မေလိုက်ရှာကြည့်လေ ဟုတ်ပီလား အိပ်တော့

ဒီတစ်ခါ ကျမ လန့်နိုးလာပေမယ့်  အိမ်မက်ဆိုးထဲက လန့်နိုးလာတာ မဟုတ်တာသေချာပါတယ်၊ မနက်ကျယင် ကို နေတဲ့ အခန်းကို လိုက်ရှာမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့  နာရီသံတွေကို မကြားနိုင်တော့ပါ။ အိမ်မက်ထဲမှာ ကျမရောက်ရှိသွားတာက စံပယ်ပန်းခင်းထဲကိုတဲ့ 

ကျမတို့၂ယောက် အိပ်ခန်းလေးထဲ ငူငေါင်စွာ ထိုင်နေတဲ့  ကောင်မလေးတစ်ယောက်  ဘယ်အခန်းကို ရှာရှာ ကျမမသိစိတ်က  ရှာမတွေ့သေးပါဘူး၊ မောလွန်းလို့ မျက်လုံးမှိတ်ပိး နေလိုက်တာ အိုး ကျမမေ့နေတဲ့ အခန်းလေးတစ်ခန်းကျန်သေးတယ် အဲ့ဒါကတော့ ကလေးတွေရလာယင် ကလေးတွေ နေရမယ့် အခန်းလေး အဲ့အခါ သူသိပ်မက်မောတာ ကျမ မေ့နေတယ်
ကလေးတွေကြိးလာယင် ဒိမှာ သိပ်ရမယ်နော် မေ ဘာလို့လည်းဆိုတော့ ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ထားပေးမှ ရမှာဗျ ကလေးက (၂)ယောက်ဘဲ ယူမယ် သားတစ်ယောက် သမီးတစ်ယောက် အဲ့လိုပြောနေတဲ့ ကို့ရဲ့ မျက်လုံးတွေက ပကတိ ဖခင်တယောက်ရဲ့ ရိုးသားဖြူစင်မှုတွေဆိုတာ မပြောပြတတ်ပေမယ့် ခံစားတတ်ပါတယ်........... အခန်းတံခါးကို ဖွင့်နေတဲ့ ကျမလက်တွေ တုန်ရီနေတယ်၊ စိတ်ထဲမှာ ၀မ်းနည်းသလို ခံစားနေရတာနဲ့ တပြိုင်နက်တည်း စံပယ်အနံ့တွေက ကျမအာရုံမှာ ရလာတယ်၊ ကျမမသိစိတ်က ရုတ်တရုတ် လှုပ်ရှားပိး ဦးနှောက်အာရုံက ဒီအခန်းဆိုတာကို ညွှန်ပြသွားပြိဆိုတာနဲ့ မျက်ရည်တွေ အတားဆီးမဲ့ ငိုချမိတယ်.........................
ရုတ်တရက် နှုတ်မဆက်ဘဲ ထွက်သွားရတဲ့းလူတစ်ယောက်ခံစားချက်က အတော်ကို ဆိုးဝါးလှတယ်ဆိုတာ သူမကို တွေ့ရချိန်မှာ ကျနော် ပိုသိလာရတယ်၊ ချစ်တယ်မေရယ် မငိုပါနဲ့တော့ ပင်ပန်းလွန်းလှပါတယ်ကွယ်  ကျနော်တို့၂ယောက်ကြားမှာ နှုတ်ဆက်မှုတွေ မရှိလို့ ဘယ်တော့မှ ဝေးမသွားစေရဘူး သူမအနားမှာ အလိုက်သင့်ထိုင်ချယင်း ထိမရတဲ့ လက်အစုံနဲ့ ပွေ့ဖက်ထားမိတယ် မေရယ်

မနက်ဆိုယင် မနက်အစောကြီးထ ဘုရားဆွမ်းကပ် ဘုရားစာရွတ်သံတွေက ပြန်လည်အသက်ဝင်လာတဲ့ အိမ်လေးဖြစ်လာပြိ၊ အိမ်ထောင်ဦးစီးမရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို ကျမဖန်တိးထားတဲ့ ဘ၀တစ်ခုလို့ ပြောပြယင် ပတ်ဝန်းကျင်၇ဲ့ ပြစ်တင်သံကို ကျမမကြားချင်ဘူး၊ အခုဆိုယင် ကျမဘေးနားမှာ ကိုရှိတယ် ဘယ်သူကိုမှ မချစ်နိုင်သလို ဘယ်တယောက်ကိုမှ အစားထိုးလို့ မရဘူးဆိုတာ ကျမကိုယ် ကျမအသိဆုံးမို့ပါ။ မမြင်မတွေ့နိုင်ပေမယ့် ကို ရှိနေတယ်ဆိုတာ ကျမစိတ်ထဲက သိရုံနဲ့ အရာရာက လုံခြုံသွားပါခဲ့ရပါတယ် ကိုရယ်၊ 

သမိးလေးက အခုတလော မျက်နှာလေး ပြန်ကြည်လာတ်နော် သမိး အမေတို့က ငါ့သမိးလေး ပြန်ပီး နလန်ထူနိုင်ပါ့မလားလို့ စဉ်းစားနေရတာ အခုမှ စိတ်အေးရတော့တယ်ကွယ်
မေမေကလည်း မေက အဲ့လောက် ပျော့ညံ့တဲ့ ကောင်မလေးတစ်ယောက်လား
အဲ့ဆို သားကို မေ့နိုင်ပီလား သမိးလေး
မေ သူ့ကို ဘယ်တော့မှ မမေ့ပါဘူး သူကလည်း မေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး မေမေ သမီးအနားမှာ သူရှိနေပါတယ်
မိဘတွေက စိတ်ပျက်ခြင်းတွေနဲ့ ခေါင်းခါနေကြတယ်မေ ဒါပေမယ့် မေ့စကားကို ထောက်ခံသူတစ်ယောက်ရှိတယ် အဲ့ဒါကတော့ ကိုပါဘဲ

အရာအားလုံးက ပုံမှန်နေသားတကျ ဖြစ်နေပေမယ့်  အထီးကျန် အဖော်မဲ့နေမှာဆိုးလို့ဆိုပြီး ညီမလေးက ခွေးပေါက်စလေး တကောင်ခေါ်လာပါတယ်၊ အဖြုနဲ့ အနက်ကျားလေး အမလေးဖြစ်နေတော့ စနိုပိလို့ နာမည်ပေးထားလိုက်တယ် ကျမ သူ့ကို ချစ်တာသိတော့ ကျမဘယ်သွားသွား အနောက်ကနေ တကောက်ကောက်လိုက်နေတယ် ကျမရုံးသွားချိန်ဆို ခြံထိပ်နားကနေ စောင့်နေပြီး ကျမကားသံကြားယင် ရောက်ရာအရာကနေ ပြေးဆင်းလာတော့တယ် တခါတလေ ကျမ မျက်နှာမကောင်းယင် ကျမခြေရင်းမှာ ၀ပ်နေတယ်၊  ထူးခြားတာတစ်ခုက ညညဆို ကျမ အခန်းထိပ်ကနေ ဟောင်နေတတ်ပီး မာန်ဖီနေတတ်တယ်၊ ကျမထွက်ကြည့်တော့လည်း ဘာမှ မရှိပေမယ့် စံပယ်ဖြူနံ့တွေကတော့ ကျမရင်ခွင်ကို ကလူကျီစယ်ဖြတ်ပြေးသွားတယ်၊

မေ့ကိုပြောစရာရှိတယ် မေ အလှူအတန်းလုပ်တိုင်း ကို့ကို အမျှဝေတာ ကောင်းပေမယ့်  အဲ့ဒီအမျှဝေသံတွေကို လက်ခံလိုက်ယင် မေ့အနားမှာ နေလို့မရဘူးကွ ဒါကြောင့် ကို့ကို တကယ်ချစ်ယင် အမျှမဝေပါနဲ့နော် မေ့အနားမှာ ကို နေချင်လို့ပါ

ကျမရင့်နင့်စွာ ကို့မျက်နှာကိုကြည့်ပီး မျက်ရည်တွေကြားထဲက ခေါင်းငြိမ့်ခဲ့မိပါတယ် မဖြစ်နိုင်မှန်းသိရက်နဲ့ ကို့ဆန္ဒကို ဘယ်တော့မှ မငြင်းဆိုတတ်တဲ့ စိတ်တစ်ခုကလည်း သေရာပါဖြစ်နေပါရောလားမောင်ရယ် ကိုတယောက် ကျမအနားမှာ တစ်သက်လုံးရှိနေမယ်ဆိုယင် ကျမ ဘယ်တော့မှ အမျှမဝေချင်ဘူးကို  ကျမတို့၂ဦးသာ နားလည်တဲ့  အရာတစ်ခုဖြစ်နေလို့ပါနော်

သမိးအိမ်ကို ဧည့်သည်တစ်ယောက်လွှတ်လိုက်တယ် သူ့ကိုမြင်ယင် သမီးပျော်သွားမှာပါ ကောင်းကောင်းမွန်မွန်ဆက်ဆံနော် သမိး ဖုန်းအချမှာ ဘယ်သူများလည်းပေါ့ ကျမကို ဒီအချိန်မှာ ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲံ လူတစ်ယောက်ဆိုတာ ဘယ်သူများပါလိမ့် .............ခြံထဲ လမ်းဆင်းလျှောက်ယင်း စဉ်းစားမိနေပြန်တယ်

ကောင်မလေး မေသက်ဝေ
အနောက်နားက ခေါ်သံဆိုပေမယ့် အလွန်ရင်နှီးသော စိတ်ဆန္ဒတစ်ခုကို ကျမခံစားလိုက်ရတယ်  ဒီနာမည်မျိုးခေါ်တတ်တာ တစ်ယောက်ဘဲရှိတယ်  သူက ကိုထက်မြတ်
ဟယ် ကိုကြီး
သိပ်အံ့သြသွားလား ကောင်မလေး  အရမ်းပျော်သွားတယ်ဆိုတာ ၀န်ခံလိုက်စမ်းပါ
အင်းမေသိပ်ပျော်သွားတယ်တကယ်ပြောတာဝမ်းလည်းဝမ်းသာတယ် ပြောတော့ဖြင့် မြန်မာပြည်ကို ပြန်မလာတော့ဘူးဆို နှုတ်ခမ်းလေးထော်ပီး
မေးတော့ လူကြီးလေး ပုံစံနဲ့
အင်း ဆိုပါတော့ အခုလည်း အကြောင်းတစ်ခုခုကြောင့်ဆိုပါတော့ ညဉ်းက သိပ်စပ်စုတာဘဲ အဖွားအိုလေးပေါက်စ ကျနေတယ်
ဟီး အဲ့လိုဖြစ်နေလား ကဲပါ ထမင်းစားပီးမှ ပြန်နော် ကိုကြီး
မေနဲ့ ကိုထက်မြက် အဲ့လို ပြန်ရင်နှီးတာ မောင်မကြိုက်ဘူး သူပြန်လာတာ ဘာကြောင့်ဆိုတာ မင်းသိလား  မိန်းမတစ်ယောက်ဆီက လက်ထပ်ခွင့်တောင်းဖို့ ပြန်လာတာ  အဲ့ဒီမိန်းမက မင်းဘဲ မေ
ကို့ဆိက စိတ်ဆိုးဟန် လက်ညှိုးထိုးပီး ကျမကို စိတ်ပျက်ဖွယ် ကိုကြည့်နေရှာတယ်
မဟုတ်တာ ကိုကလည်း  မယုံဘူး လျှောက်ပြောတာမှတ်လား !!!
ကျမအနားကပ်လာပီး ကျမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပီး ကို မျက်ရည်တွေ ကျနေတယ်ဆိုတာ ကျမ မော်မကြည့်ဘဲ သိနေပါတယ်
ဟုတ်တယ် မေ ကိုတကယ်ပြောတာ ဘယ်နေ့ဆိုတာ ကိုကမသိပေမယ့် အဲ့ဒီနေ့မှာ ကို့ဆီက မေမျှော်လင့်ဖူးတဲ့ အရာတစ်ခုကို သူကိုယ်တိုင် ဖြည့်ဆည်းခြင်းက စမှာဘဲမေ၊ ဘာဖြစ်ဖြစ် ကိုကို့ မထားခဲ့ပါနဲ့မေ
ကျမ လန့်နိုးခဲ့ရပါတယ်  အိုး ကျမ ပါးပြင်ပေါ်မှာ မျက်ရည်တွေပါလား ကျမမျက်လုံးထဲက ကျတဲ့မျက်ရည်တွေလည်း မဟုတ်ပါလား ကျမ တကယ်ငိုတာ အခုမှ ကိုရယ် ကျမ ဘာဆက်လုပ်ရတော့မှာလည်းကွယ် စံပယ်ပန်းအနံ့တွေ ကျမ အနားမှာ မရှိတော့ပြန်ပါလား

နောက်နေ့ မနက်ခင်းအစမှာတော့.....................
မောနင်း ကောင်မလေး မေသက်ဝေ ဘာတွေလုပ်
ဟယ် ကိုကြိး ဘယ်ကနေ ဘယ်လိုရောက်လာလည်း စောစောစီးစီး
ဒီကိုပါဘဲ ညဉ်းလေးနဲ့ မနက်စာ စားယင်ကောင်းမလားဆိုပီး ထွက်လာတာ
ဟုတ်လား အတော်ဘဲ အဲ့ဆို အိမ်မှာ မုန့်ဟင်းခါးလုပ်စားတယ် ကျွေးမယ်နော့် ခဏလေးနော် ပန်းပင်ရေလောင်းတာ ပီးတော့မယ်
အပင်ဆိုတာ ရေမလောင်းလည်းဖြစ်ပါတယ်ဟ ညဉ်းမို့ အလုပ်ရှုပ်ခံတယ် ပီးတော့ ဒိသစ်ခွပင်တွေ ဘယ်သူအတွက် ရည်ရွယ်စိုက်ထားတယ်ဆိုတာ မပြောလိုပါဘူး ညဉ်းပင်ပန်းလို့ ပြောတာပါ
အော် ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့ ဘယ်တူပါ့မလည်းနော် ကဲ မုန့်စားမယ်
မုန့်ဟင်းခါးစားနေယင်း................................................
ညဉ်းတကယ်  မမေ့နိုင်သေးဘူးလား
ဘာကိုလည်း
ညဉ်းဘယ်တုန်းကဒီလောက်တုံးသွားတာလည်း ကျုပ်သိခဲ့တဲ့ မေသက်ဝေဆိုတဲ့ ကောင်မလေးက ပိန်းတုံးတုံးမှ မဟုတ်တာ
အဲ့ဒီစကားကို ခပ်ခြောက်ခြောက်ရယ်မောယင်း...........
အင်းဟုတ်တယ် ကိုကြီး ကျမဘ၀မှာ သူတစ်ယောက်တည်းကိုဘဲ တကယ်ချစ်ခဲ့တာ ပီးတော့ မျှော်လင့်ခဲ့တာ သူကျမကို သစ္စာမဲ့ပြီး တစ်ခြားတစ်ယောက်ဆီမှာ ပျော်နေတာမှ မဟုတ်တာ ဒါကြောင့် ကျမသှူု့အပေါ် သစ္စာဆက်ထားတယ်လေ နောက်ဆုံးအချိန်ထိပေါ့
ဟ သူကမှ ပြန်မလာနိုင်တော့တာ သေသွားတဲ့လူတစ်ယောက်ကို ညဉ်းက သစ္စာရှိနေတော့ အလကားပါ 
တော် ကိုကြီး ဒီနေရာမှာ တခြားတစ်ယောက်ဖြစ်နေယင် မေ တစ်ခုခု ပြန်လုပ်မိတယ် ကိုကြီးက ငယ်ငယ်ကတည်းက ရှိခဲ့တဲ့ သံယောဇဉ်ကြောင့် ကိုကို့ သေသွားတဲ့လူတစ်ယောက်လို့ ဘယ်တော့မှ မပြောနဲ့ ကျမစိတ်ဆိုးတယ် ကိုက ကျမဘ၀ထဲမှာ ဘယ်တော့မှ မသေဘူးဆိုတာ တစ်ခါတည်းမှတ်ထားလိုက်
အပေါ်ထပ်အခန်းကို ချာကနဲလှည့်အတွက်
ဂွမ်း !!!!!!!!!!!!!!!!!!!!!
မကြီး
ဘာဖြစ်တာလည်း
ကြောင်အိမ်ထဲက ဖန်ခွက်တွေလေ တစ်ယောက်ယောက်က ဆွဲထုတ်ပီး ပစ်ချလိုက်သလိုဘဲ ကျမခွဲတာ မဟုတ်ဘူး
ကိုထက်မြက်ရောက်လာပီး
ကြောင်တက်တာနေမှာပေါ့
မဟုတ်ဘူး ကိုထက်မြက် တစ်ယောက်ယောက် စိတ်တိုလို့ ခွဲလိုက်သလိုပါဘဲ
ကျမ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပီး အပေါ်ထပ်ကို ပြေးတက်လာမိတယ် ကျမ ခြေလှမ်းတွေက ကို ရှိရာဆီသို့................

အသက်မဲ့သွားတဲ့ ၀ိဥာဉ်တစ်ခုမှာ အချစ်မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလည်း ကျနော် မေ့ကို ချစ်တာ ပိုင်ဆိုင်ချင်စိတ် အခုဘ၀ခြင်ဲးခြားသွားပေမယ့် နောင်ဘ၀များးဆိုတာ ရှိခဲ့ယင် မေနဲ့ဘဲ ပြန်ဆုံချင်တယ်
မေ့အနားမှ ကို ကိုယ်ထည်မရှိတော့ပေမယ့်  ကို စိတ်ဝိဥာဉ်တွေက အချစ်တွေနဲ့ ရှိနေမှာပါ ယုံကြည်ချက်တွေ မယိုင်လဲအောင် လည်း ကို ကိုယ်တိုင် စွမ်းဆောင်ပေးခဲ့တယ်ဆိုတာ သစ်ခွခြံလေးက သက်သေတည်နေပါတယ် ကို ရယ်

No comments:

Post a Comment