Monday, September 26, 2011

မသိလိုက်ရတဲ့ အဖြစ်အပျက်

ငါနင့်ကိုဘယ်အချိန်ကချစ်သွားတာလဲ ငါမသိလိုက်ဘူး...နင့်ရှေ့မှာဘယ်အချိန်ထိငါကျရှုံးနေဦးမှာလဲ ငါမသိနိုင်ဘူး...ငါ့ရင်ထဲက အဖြစ်အပျက်တွေနင့်ကိုမပြောပြချင်တော့ဘူး.................

နင်ခံစားနေရတာကိုငါမမြင်ရက်လို့လေ.................နင်နဲငါဝေးနေပေမယ့် ငါဘေးမှာနင်အမြဲတမ်းရှိနေတယ်...မေတ္တာ၊သစ္စာ အကြင်နာတွေနဲ့ တည်ဆောက်ထားတဲ့ငါတို့ ဘ၀လေးကို ဘယ်လိုနည်းနဲ့ မှအပွန်းအပဲ့မခံနိုင်ဘူး...ငါအတ္တကြီးသွားခဲ့လား...
တောင်းပန်တယ်...............



အဲဒါတွေအားလုံးက နင့်ကိုအရမ်းချစ်မိလို...နင့်ရဲ့ပြုံးနေတတ်တဲ့မျက်လုံးလေးတွေကို ငါချစ်တယ်... ရိုးသားတဲ့ဟန်ပန် အမူအရာလေးတွေကိုငါမြတ်နိုးတယ်... ကြင်နာတဲ့စကားလေးကိုငါခုံမင်တယ်...နူးညံ့တဲ့အပြုံးလေးတွေကို ငါစွဲလမ်းတယ်...
ချစ်စနိုးနဲ့ ကြည်စားတတ်တယ်တဲ့ နင့်ကိုတမ်းတတယ်...ငါ့ဘ၀ခရီးလမ်းတစ်လျှောက်မှာ လက်တွဲဖော်အဖြစ် င့ါအနားမှာ နင်ရှိစေချင်တယ်...
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နင့်ကိုချစ်နေဦးမယ်..................လွမ်းနေဦးမယ်...တမ်းတနေဦးမယ်...သတိရနေဦးမယ်... နင်ဘယ်သွားသွား အချိန်တန်ရင်တော့ ငါ့ဆီကိုပြန်လာခဲ့ပေးပါ...ငါလား... ဘယ်သူမှမသိသေးတဲ့ အချစ်ရှေ့ မှာရိုးသားစွာ ကျရှုံးနေတဲ့သူတစ်ယောက်ပါ...
 
(သူတကယ်ခံစားပြီး ရေးတာဆိုပဲ)

နားလည်ပေးပါ

ချစ်သူရေ...နင့်ကိုငါချစ်လို့ တခါတလေမှာ စိတ်ပူပြီးပြောမိတာတွေကို နားလည်ပေးပါ...နင်လာနေကြအချိန်တွေမှာ မလာသေးရင်ငါ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကို နင်နည်းနည်းလေးဖြစ်ဖြစ် ခံစားကြည့်ပေးပါ... အချစ်ဆိုတာနင်နဲ့ တွေ့ မှစသိရပေမယ့် အမုန်းဆိုတာကိုတော့နင်နဲ့ ပတ်သက်ပြီးငါမသိချင်ဘူး... ငါကလောဘကြီးတဲ့သူတစ်ယောက်ပါ...တခါတလေ ငါခံစားရလွန်းအားကြီးပြီး ပေါက်ကွဲထွက်လာတဲ့ စကားတွေကနူးညံ့မှာမဟုတ်ပေမယ့် ငါ့ရဲ့ရင်ထဲကခံစားချက်ကို နင်နားလည်မယ်ဆိုရင်...                         နင်အနားနားမှာနေပြီးတော့ နင့်ကိုအရမ်းချစ်တာပဲလို့  အချိန်တိုင်းပြောနေချင်တယ်...                                          ငါ့ရဲ့အချစ်တွေကို တစ်ခြားသူတစ်ဦးတစ်ယောက်ရဲ့အချစ်နဲ့ မနှိုင်းလိုက်ပါနဲ့ ...                                                   ဘာဖြစ်လို့ လဲဆိုတော့ ငါ့အချစ်တွေကအနန္ဒအင်္သချေဖြစ်နေလို့ ပါပဲ... စကားကိုအလွန်အကျွံမပြောချင်ဘူး...လေးလေးနက်နက်နဲ့ တစ်ခွန်းပဲပြောမယ်နော်...                             နင့်ကိုငါအရမ်းချစ်တယ်...
(ဆူတာများသွားလို့ဆိုပြီး ပြန်ချော့တဲ့စာဆိုပဲ!!!!!!!!!!!!)

ခံစားချက်

မနက်မိုးလင်းလို့ မျက်လုံးနှစ်ဖက်ထဲကို အလင်းဝင်ရောက်လာတာနဲ့  ငါမြင်ချင်တာနင်တစ်ယောက်တည်းပါ... နင်ပြောလာမယ့်စကားလေးတွေ နင့်ရဲ့ချိုသာတဲ့အပြုံးလေးတွေ ကြင်နာတတ်တဲ့နင့်မျက်ဝန်းအကြည့်တွေကို ငါထာဝရပိုင်ဆိုင်ချင်တယ်...ငါ့ရဲ့အချိန်တွေအားလုံး နင့်ကိုပေးချင်တယ်...နင့်အနားမှာထာဝရနေချင်တယ်...         
ငါဘယ်သွားသွား ငါဘေးနားမှာနင့်ကိုရှိစေချင်တယ်... အခုလိုဝေးနေရတဲ့အချိန်တွေမြန်မြန်ကုန်စေချင်တယ်... အရင်ကငါ့ဘ၀ကိုပြီးစလွယ်နဲ့ ဖြတ်သန်းခဲ့တယ်...နင်ရှိလာတဲ့နောက်ပိုင်းမှာငါ့ဘ၀ကအဓိပ္ပါယ်တွေပြည့်ဝလာတယ်
...ငါဘာလုပ်လုပ်နင့်အတွက်ဆိုတဲ့အတွေးတွေဝင်လာတယ်...ငါတို့ နှစ်ယောက်တွေ့ ဆုံရမယ့်အချိန်တွေကို တွေးမိရင်ပျော်တယ်...
နင့်ကိုလွမ်းတယ်...နင်မရှိရင်မဖြစ်ဘူးဆိုတာနင်သိရင်ငါကျေနပ်ပြီ......

(သူကစာရေးပျင်းတယ် ဒါတောင်မှ မနည်းပူဆာလို့ ရေးပေးထားတာဆိုပဲ :D)

အချစ်ဆိုတာ...........

ကောင်မလေးရေ...လူသားတိုင်းစိတ်ဝင်စားနေကြတဲ့အချစ်ဆိုတာဘာလဲ...ငါကိုယ်တိုင်တောင်မသိပါဘူး...ဒါပေမယ့် နင့်ကိုပျော်စေချင်တယ်...နင်ပျော်နေရင် ငါလည်းပျော်တယ်...နင်စိတ်ညစ်နေတယ်ဆိုရင် အနားမှာနေပြီးတော့ အားပေးချင်တယ်... နင်လိုအပ်တဲ့အချိန်နင့်ဘေးနားမှာနေပေးပြီး နင်မလိုအပ်သေးရင်တော့နင့်ရဲ့နောက်နားမှာနေမယ်...အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်ဘူး၊ပေးဆပ်ခြင်းလည်းမဟုတ်ဘူး...၀မ်းနည်းကြေကွဲခြင်း၊ပျော်ရွှင်ကြည်နူးခြင်းလည်းမဟုတ်ဘူး...အချစ်ဆိုတာ လျှို့ ဝှက်ချက်တွေများတဲ့ပဟေဌိတစ်ခုပဲဖြစ်တယ်...ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ကိုတွက်နေရတာက အချစ်ကိုရှာနေတာနဲ့ တူတယ်... အချစ်ဆိုတာကလည်းခက်သားလားကောင်မလေးရယ်...သေချာကြည့်နေတဲ့ကြားက မမြင်မတွေ့ လိုက်ရပဲ၊ သိလိုက်ရတဲ့အချိန်မှာတော့ ကုလို့ မရတော့တဲ့ ရောဂါတစ်ခုလိုဖြစ်နေပြီလေ...အဲဒီအချစ်တစ်ခု ကိုနင်နဲ့ တွေ့ မှငါသိခွင့်ရခဲ့တာပါ... ငါ့အချစ်တွေကိုလူတကာသိအောင်မပြောပြချင်ပါဘူး... နင်တစ်ယောက်တည်းကိုပဲတိုးတိုးလေးပြောပြမယ်နော်...နင်သိချင်ရင် ငါ့ရင်ခွင်ထဲဝင်ကြည့်ပါ... ငါ့အသက်ရှူသံနဲ့ အမျှ မင်းကိုချစ်တယ်လို့ အော်နေတဲ့အသံတွေကြားရလိမ့်မယ်

ရုတ်တရက်ပေါ့

လောကကြီးတစ်ခုလုံးကိုမေ့သွားရင်တောင် နင့်ကိုသတိရနေသေးချင်တယ်...
စကားမပြောတတ်တော့ဘူးဆိုရင်လည်းနင့်အကြောင်းတွေကိုတော့ပြောတတ်နေသေးချင်တယ်...
ဘာမှမမြင်နိုင်တော့ဘူးဆိုရင်တောင်ငါ့အာရုံထဲမှာနင့်ကိုမြင်နေသေးချင်တယ်...
ငါနားတွေကြားနိုင်စွမ်းမရှိတော့ဘူးဆိုရင်နင့်အကြောင်းတွေ၊နင့်ပြောတဲ့စကားတွေကိုကြားနိုင်နေသေးချင်တယ်... ဘာမှမလုပ်နိုင်တော့ဘူးဆိုရင်လည်းနင့်အတွက်၊နင်လိုအပ်တာလေးတွေလုပ်ပေးနေသေးချင်တယ်.. .လောကကြီးနေထွက်ခွာရမယ်ဆိုရင်တောင်နင့်ဘေးနားမှာဝိညာဉ်အဖြစ်နဲ့နေချင်သေးတယ်... နင့်ဆီကနေထွက်သွားပါတော့လို့ ပြောလာရင်တောင် ယောင်လည်လည်နဲ့ နင့်ရဲ့မနီးမဝေးမှာငါရှိနေချင်သေးတယ်...
အချိန်ကအကောင်းဆုံးသမားတော်တဲ့...ငါငြင်းလိုက်ပါတယ်...ဘာဖြစ်လိုလဲဆိုတော့ငါခံစားနေရတာတွေကို 
အချိန်ကကုသမပေးနိုင်လို့ ပေါ့...

(တချိန်က မောင်ရေးပေးခဲ့တဲ့ စာတွေကို ပြန်လည်ခံစားခြင်း :P)

ဟုတ်နေပါတယ်.........


သင်ဒါတွေသိရဲ့လား?

ကင်မရာ
တီထွင်သူ ....၀ီလျံတောလ်ဘော့စ် ၊ လူးဝစ်စ် ဒက်ဂူရီ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၃၅ ၊ ၁၈၃၉ ။
ရည်ရွယ်ချက်.....အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ် ကင်မရာများ ။

ကွန်ပျုတာ
တီထွင်သူ ....ချားလ်စ် ဘက်ဘေ့ခ်ျ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၃ ။
ရည်ရွယ်ချက်.....ရှည်လျားစွာတွက်ချက်စစ်ဆင်နိုင်ရေး ။
တိုးတက်မှူရလဒ်......အသိပညာ နှင့် အီလက်ထရောနစ်ကွန်ပျုတာများ ။
ခဲတံ
တီထွင်သူ ....ဖက်ဘာမိသားစု ၊ အဲန်ဂျေကွန်တီ ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၇၆၀ ၊ ၁၇၉၅ ။
ရည်ရွယ်ချက်.....စာရေးရန် ။
တိုးတက်မှူရလဒ်......ဖန် ၊ အ၀တ် ၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ ။
 
ခြေတု လက်တုများ
တီထြင္သူ ...အမ္ဘေရာ္စီ ပါရီ ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆ ရာစုအတွင်း ။
ရည်ရွယ်ချက် ....ခြေတု လက်တုများတပ်ဆင်ပေးရေး ။
တိုးတက်မှုရလဒ်....အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ ။

မိုးပျံတိုက်
တီထွင်သူ ...၀ီလျံ လေး ဘာရွန် ဂျင်နီ ။
လူမျိုး........အမေရိကန် ။
ခုနှစ် ........၁၈၅၃ ။
ရည်ရွယ်ချက် ....မြေနေရာ ပိုမိုရရှိရေး ။
တိုးတက်မှုရလဒ်....ခောတ်မီ မိုးပျံတိုက်ကြီးများ ။
ပနယ်စလင်
တီထွင်သူ ...ဆာ အလဇန္ဒားဖလင်းမင်း ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၉၂၈ ။
ရည်ရွယ်ချက် ....ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး ။
တိုးတက်မှုရလဒ်....အခြားခုခံဆေးများ ။
တယ်လီဖုန်း
တီထွင်သူ ....အလက်ဇန္ဒား ဂရေဟမ်ဘဲလ်
လူမျိုး .........ကနေဒါ။
ခုနှစ် ............ ၁၈၆၀ ။
ရည်ရွယ်ချက် ..စကားပြောဆက်သွယ်ရေး ။
တိုးတက်မှုရလဒ် ....ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း