ကျနော် လူသားတစ်ယောက်အဖြစ် ရောက်ရှိခဲ့ပြီလား????????????????
ဒါဆို သူမက ကျနော်အမေပေါ့။ တနေကုန် ရုံးအလုပ်တွေလုပ်ပြီး ဆိုင်ကယ်မပါဘဲ အိမ်ကိုခြေကျင်ပြန်လာရတဲ့ အမေ့ကို ပိုချစ်တယ်၊ မောမောနဲ့ အိမ်ကိုပြန်ရောက်တာနဲ့ ကစ်ကစ်တို့က လှမ်းကြိုတော့ ကျနော်ရှိတဲ့ နေရာကို ချိတ်တတ်တယ်ဆိုယင်ဖြင့် အမေက ကစ်ကစ်ကိုပြောတယ် အဲ့နေရာမလုပ်ရဘူးတဲ့ အထဲမှာ သခင်သစ်လေးရှိတယ်တဲ့၊ အမယ် ကစ်ကစ်က နားလည်သယောင်နဲ့ မျက်လုံးပြူးလေးနဲ့ ကြည့်တယ်ဗျ။ ကျနော်သိပ်ပျော်တယ်၊ ကျနော် အပြင်ရောက်လာယင် အဲ့ခွေးလေးတွေက ကျနော်ကို သူတို့သခင်ဆိုပြီး အတူဆော့မယ်ထင်တယ်နော် အမေ။ မေမေအချစ်ဆုံးခွေးလေးက စနိုပီတဲ့ အဖြူနဲ့ အနက်စပ်ကြားလေး၊ မေမေက ကျနော့်ထက်များစနိုပီကို ပိုချစ်သွားမှာ ဆိုးတယ်။ အဖေက ပြောတယ် မိန်းမကို ရှင်လောင်းအမေဖြစ်စေချင်တယ်တဲ့ ဒ့ါဆို ကျနော်က ယောက်င်္ကျားလေးထင်တယ်၊ ညဖက် ဖေဖေနဲ့ ဖုန်းပြောချိန်တိုင်းဆို အမေက သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မောင့်ကိုယ်ပွားဘဲ ငါချစ်ပါတယ်တဲ့။ ကျနော်ရောက်လာတဲ့အတွက် ဖေဖေထက် မေမေက ပိုပျော်နေပုံရတယ်ဗျ။ ဒါကိုတော့ ဖေဖေမသိဘူးထင်တယ်။
ကျနော်ထင်တယ် ဖေဖေက မေမေ့ကို တော်တော်ချစ်ပုံရတယ်၊ သ၀န်လည်းအားကြီးတိုတတ်တယ်၊ ဒါပေမယ့် ဖေဖေမသိတာတခုရှိတယ်ဗျ၊ မေမေကလည်း ဖေဖေလိုမျိုးအရမ်းချစ်တယ်ဗျ၊ ဘာလို့လည်း ဆိုတော့ ဖေဖေပြောသလိုနေတယ်ဗျ။ တခါတလေ ဖေဖေနဲ့ ရန်ဖြစ်ပီဆိုယင် မေမေ တညလုံးငိုတယ်၊ ကျနော်လည်း ငိုတယ်၊ ကျမနောက်ဆုတ်ပေးလိုက်တော့မယ် မောင်လုပ်ချင်ရာလုပ်တော့လို့ မေမေပြောပြီး ဖုန်းဘေးမှာ ငိုင်ပြီး မျက်ရည်ကျနေတာ မြင်ယင် မေမေ့ မျက်နှာကိုကြည့်ပြီး ဖေဖေ့ကိုစိတ်တိုတယ်၊ အဲ့လိုညတွေဆို မေမေက မအိပ်တော့ဘဲ ကုတင်ခြေရင်းနားက ပြတင်းပေါက်နားမှာ တညလုံးထိုင်နေတတ်တယ်။
ကျနော်ကံကောင်းတယ်ဗျ။ အခုတလော ထမိန်အကျပ်တွေမ၀တ်တော့ ကျနော်နေရတာ သက်တောင့်သက်သာရှိတယ်၊ ငရုတ်သီးအစပ်ကတော့ တော်တော်စားတယ် ဖေဖေမေးယင် မစားဘူးလို့ လိမ်ပြောတယ်၊ အေးလေ မေမေလည်းစားချင်ရှာမှာပေါ့ သားလည်း ကူလိမ်ပေးလိုက်မယ်။ မေမေ့ကို ကျတော့ ကျနော်မြင်ဖူးတယ်၊ ဒါက မင်းအဖေ မောင်စိတ်ပုပ်လို့ အိပ်ယာဘေးဓါတ်ပုံထဲက ခန့်ခန့်ချောချောလူကြီးက မေမေ့ပခုံးကို ဖက်ထားတာ ကျနော့်အဖေပေါ့နော်၊ ဒါပေမယ့် မေမေက ပိုချောတယ်၊ ဖေဖေက လူခန့်ကြီး။ မင်းအဖေက အဝေးမှာသင်တန်းတက်နေတာကွ။.........နေ့ဆို ပြန်ရောက်ပီနော်သား၊ အဲ့ကျယင် အမေနဲ့ သွားကြိုမယ်ဟုတ်ပီလား၊ ကျနော်လည်း အဲ့နေ့ကို ရောက်ချင်လှပါပြီဗျာ။
ကျနော်က နွားနို့သိပ်ကြိုက်တယ်၊ မေမေလည်း နွားနို့သိပ်ကြိုက်တယ်လေ၊မေမေ အစားအသောက်ပျက်တဲ့ အချိန်တွေကဆို လူဆိုးလေး အမေစားချင်တာတွေ စားလို့မရဘူးကွ မင်းအဖေလို မဆိုးနဲ့ မချစ်ဘဲနေမှာနော် အဲ့လိုပြောတာလေးကို ကျနော်တော်တော်သဘောကျတယ်မေမေ။ မဟုတ်ပါဘူး ကျနော်လည်း အစားအသောက်တွေနဲ့ နေသားမကျလို့ သစ်သီးတွေကို ပိုစားစေချင်လို့ပါ။ မနက်ဘုရားရှိခိုးပြီးဆိုယင် ကျနော်လည်း အတူတူလိုက်ရှိခိုးတယ်၊ ဖေဖေက ပြောတယ် သူ့သားကြီးလာယင် သချာင်္အတွက်တော်အောင် သူကိုယ်တိုင်ပြပေးမယ်တဲ့ ကိုယ်ခံပညာတွေလည်း သင်ပေးမယ်တဲ့၊ မေမေကလည်း ပြောပြန်တယ် ကျမသားကို နိုင်ငံခြားလွှတ်ပြီး ပညာတော်သင်လွတ်မယ် ပြီးယင် မြန်မာပြည်မှာ အလုပ်ပြန်လုပ်ခိုင်းမယ်တဲ့ အဖေက လုံးဝသဘောမတူဘူး၊ မေမေက ဖေဖေကိုချစ်တော့ မောင့်သဘောတဲ့။ ကျနော်လည်းပျော်တယ်။ ကျနော်က မေမေတို့အနားမှာဘဲ နေချင်တယ်။
အခုတလော မေမေနေရာထိုင်ရတာ ခက်မှန်းကျနော်သိပါတယ်၊ ကျနော်လည်း နေရတာကျပ်တယ်၊ ကျနော်လည်း တဖြည်းဖြည်းကြီးလာပီလေ၊ ကျနော်လည်း ညောင်းလာတော့ အညောင်းဆန့်မိတာပေါ့၊ တခုခု ထိခိုက်သွားယင် အသံကုန် အော်တတ်တဲ့ မေမေတယောက်တော့ ကျနော့်ကို မွေးတဲ့အချိန်ကျယင် ဘယ်လိုနေမလည်းဆိုတာ သိလို့ ကျနော် အမေ့ကို သနားလိုက်တာဗျာ၊ ကျနော့်ကြောင့် မေမေသတ္တိတွေရှိလာတယ်နော်။ ကျနော်လည်း ဖေဖေတို့ မေမေတို့ဆီ အမြန်ဆုံးရောက်ချင်လှပါပြီ။ ဖေဖေနဲ့ ဖုန်းပြောပြီး ဖုန်းချခါနီးတိုင်း အရမ်းချစ်တယ်လို့ မေမေပြောလိုက်ယင် ကျနော်လည်း ဖေဖေ့ကိုပြောချင်တယ် ကျနော်လည်း ဖေဖေ့ကိုအရမ်းချစ်တယ်။ ကဲ ကျနော်နဲ့ မေမေလည်း အိပ်တော့မယ်ဖေဖေ။ မေမေတနေကုန်အလုပ်တွေလုပ်ရတာ ပင်ပန်းနေရှာရောပေါ့.........
(အမ မဒမ်ကိုးကို အားကျလို့ လိုက်ရေးမိတာ စိတ်ကူးယဉ်သက်သက်လေးပေါ့နော်၊ မိခင်လောင်း အမ မဒမ်ကိုး ကလေးအမြန်ဆုံး မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလျက်...............)